Google က စင်ကာပူရှိ ဝန်ထမ်းအရေအတွက်အား လျှော့ချဖို့ လူအယောက် ၁၉ဝ ခန့်ကို အလုပ်ထုတ်ခဲ့
ရောင်နီ (NP News) - ဖေဖော်ဝါရိ ၁၈
စင်ကာပူရှိ Google ရဲ့ အာရှ-ပစိဖိတ်ရုံးချုပ်က ၄င်းရဲ့ ဝန်ထမ်း ၁၉ဝ ခန့်ကို ကြသပတေးနေ့ (ဖေဖော်ဝါရီ ၁၆ ရက်) ညမှာ အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း သတင်းရင်းမြစ် ၃ ခုက ဆိုပါတယ်။
အလုပ်ထုတ်ပယ်ခံရတဲ့အရေအတွက်မှာ စင်ကာပူရှိ Google ရဲ့လုပ်သားအင်အား ၅ ဒသမ ၅ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းခန့်ရှိကြောင်း ၎င်းတို့က ဆိုပါတယ်။ ရာထူးမှ ထုတ်ပယ်ခံရတဲ့ ဝန်ထမ်းတစ်ဦးက "ကိန်းဂဏန်းဘ အတိအကျကို အတည်ပြုဖို့ ခက်ခဲပါတယ်၊ မည်သူမည်ဝါဖြစ်တယ်ဆိုတာလည်း ခန့်မှန်းဖို့ ခက်ခဲပါတယ်" လို့ ဆိုပါတယ်။
Google ရဲ့လက်ရှိဝန်ထမ်းတစ်ဦးနဲ့ Google လုပ်သားဟောင်းများအတွက် ကမ္ဘာလုံးဆိုင်ရာ Xoogler အသိုင်း အဝိုင်းကို တည်ထောင်ခဲ့သည့် မစ္စတာခရစ်စတိုဖာဖောင့်က ရာထူးမှ ထုတ်ပယ်ခံရတဲ့ စင်ကာပူရှိ ဝန်ထမ်းအရေ အတွက်ကို "မျှဝေခြင်းမပြုနိုင်" လို့ ဆိုပေမယ့် ၎င်းတို့ဟာ အစောပိုင်း Google ရဲ့ မိခင်ကုမ္ပဏီ Alphabet မှ ကြေညာခဲ့တဲ့ ဝန်ထမ်းလျှော့ချမှုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။
ပြီးခဲ့တဲ့လက Alphabet ဟာ ၎င်းရဲ့လုပ်သားအင်အားရဲ့ ၆ ရာခိုင်နှုန်းခန့်ရှိတဲ့ အလုပ်အကိုင် ၁၂ဝဝဝ ခန့် လျှော့ချ ထားကြောင်း ပြောကြားခဲ့ပါတယ်။ ကုမ္ပဏီဟာ Sale၊ Google Cloud၊ Google Pay၊ စုဆောင်းရေး၊ ဘဏ္ဍာရေးနဲ့ ဥပဒေရေးရာ အပါအဝင် ဌာနပေါင်းစုံမှ ဝန်ထမ်းများကို အလုပ်ထုတ်လိုက်ကြောင်း မစ္စတာဖောင့်က ပြောကြားခဲ့ပါ တယ်။ ကမ္ဘာ့နေရာအနှံ့အပြားရှိ ကုမ္ပဏီတော်တော်များများလည်း ကိုဗစ်ကာလအတွင်း လုပ်ငန်းထိခိုက်မှုကြောင့် လူအချို့ကို ရာထူးမှထုတ်ပယ်ဖို့ စဉ်းစားနေကြပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နဲ့ တောင်အာဖရိကရဲ့ ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှု စတင်၊ ရုရှားက ဒုံးကျည်စမ်းသပ်ပစ်လွှတ်
RELATED POSTS
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2024 | စီးပွားရေး,ပြည်တွင်း
12 Sep 2024 | စီးပွားရေး,ပြည်တွင်း
07 Sep 2024 | စီးပွားရေး,ပြည်တွင်း
Copyright © News Services Station | All Right Reserved