ထိုင်းနိုင်ငံတွင် တစ်ရက် အနည်းဆုံး လုပ်ခလစာ ဘတ်(၄ဝဝ)အထိ တိုးမြှင့်ပေးမည့်အစီအစဉ်ကို စိုးရိမ်မှုများ မြင့်တက်နေ
Pika (NSS) - စက်တင်ဘာ ၂၆
ထိုင်းနိုင်ငံတွင် တစ်ရက်အနည်းဆုံး လုပ်ခလစာကို ဘတ်(၄ဝဝ)အထိ တိုးမြှင့်ပေးရန် အဆိုပြုချက်နှင့်ပတ်သက်ပြီး ဖြစ်ပေါ်လာနိုင်သည့်ဆိုးကျိုးများကို စီးပွားရေးကဏ္ဍက စိုးရိမ်နေကြောင်း သိရသည်။
ထိုင်းဝန်ကြီးချုပ် ဆာရက်တာသာဗီဇင်ထုတ်ပြန်ကြေညာလိုက်သော အဆိုပါကြေညာချက်သည် စားသုံးသူများ အတွက် ကုန်ကျစရိတ်များ ပိုမိုမြင့်မားလာစေနိုင်ကြောင်း ပြောဆိုမှုများလည်းရှိနေသည်။ စိုက်ပျိုးရေး၊ စားနပ် ရိက္ခာတင်ပို့မှု၊ လက်လီရောင်းဝယ်ရေး နှင့် ဆောက်လုပ်ရေး ကဲ့သို့သော လုပ်အားအပေါ် မှီခိုနေရသော စက်မှုလုပ်ငန်းများသည် လုပ်ခလစာတိုးမြှင့်မှုများနှင့်ပတ်သက်ပြီး အထိအခိုက်အများဆုံးဖြစ်လာနိုင်ဖွယ်ရှိ ကြောင်း Fiscal Policy Office's Bureau of Macroeconomic Policy ၏ ဒါရိုက်တာ Pisit Puapan က ပြောကြားခဲ့သည်။
ထို့အပြင် ငွေကြေးဖောင်းပွမှုသည် အတိုင်းအတာတစ်ခုတွင်ရှိနေမည်ဖြစ်ပြီး အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (SMEs)အပေါ် အကျိုးသက်ရောက်မှုမှာ အကန့်အသတ်ရှိနိုင်ကြောင်း Pisit Puapan က ပြောခဲ့သည်။
ဘဏ် နှင့် ဘဏ္ဍာရေးကဲ့သို့သော စီးပွားရေးလုပ်ငန်းအချို့သည် ဝယ်ယူမှုနှုန်းတိုးလာမှုနှင့်အတူ အကျိုးအမြတ်များ ရရှိလာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောခဲ့သည်။ သို့သော်လည်း လုပ်ခလစာတိုးမြှင့်ပေးရန် အဆိုပြုချက်ကို တစ်ညီတစ်ညွတ်တည်း ထောက်ခံကြခြင်းမျိုးမရှိသေးကြောင်း သိရသည်။ SMEs များအနက် အများစုမှာ ငွေပေါ်လွယ်မှု၊ ချေးငွေရယူမှုပြဿနာများ နှင့် ရင်ဆိုင်နေရဆဲဖြစ်ပြီး လုပ်ခလစာများတိုးမြှင့်ပေးမည့် အဆိုပြုချက် သည် (SMEs)များအတွက် သိသာထင်ရှားသော အခက်အခဲများဖြစ်ပေါ်လာစေနိုင်ကြောင်း ထိုင်း SMEs အဖွဲ့ချုပ် ဥက္ကဋ္ဌ Sangchai Theerakulwanich က သတိပေးပြောဆိုခဲ့သည်။
အဆိုပါ လုပ်ခလစာတိုးမြှင့်ပေးမည့် အချိန်နှင့်ပတ်သက်ပြီး မေးခွန်းထုတ်မှုများလည်းရှိနေကြောင်း သိရသည်။ နေထိုင်မှုစရိတ်များ တိုးမြင့်လာခြင်းကြောင့် လုပ်ခလစာတိုးပေးရန် လိုအပ်ကြောင်း အလုပ်ရှင်များက အသိအမှတ် ပြုထားသော်လည်း လက်ရှိစီးပွားရေးအခြေအနေမှာ အဆိုပါလှုပ်ရှားမှုကို လုပ်ဆောင်ရန် အဆင်မပြေကြောင်း Sangchai Theerakulwanich က ပြောခဲ့သည်။
ထိုင်းနိုင်ငံတွင် ယခင်က လုပ်ခလစာတိုးမြှင့်ပေးခြင်းကြောင့် အလုပ်ဖြုတ်ခံရမှုများ သိသိသာသာဖြစ်ပွားခဲ့ပြီး စီးပွားရေးလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများသို့ ပြောင်းရွှေ့ခြင်းများ ဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံ တွင် ၂ဝ၁၃ ခုနှစ်က တစ်နေ့တာ အနည်းဆုံးလုပ်ခလစာကို ဘတ်(၃ဝဝ)အထိ တိုးမြှင့်လိုက်ပြီးနောက် ငါးရက် အတွင်း အလုပ်သမား(၂၅ဝဝ) ကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ဖူးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ကျောက်မီးသွေးတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၁၆)ဦး သေဆုံး
RELATED POSTS
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2024 | စီးပွားရေး,ပြည်တွင်း