တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ကျောက်မီးသွေးတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၁၆)ဦး သေဆုံး
Pika (NSS) - စက်တင်ဘာ ၂၅
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Guizhouပြည်နယ်ရှိ ကျောက်မီးသွေးတွင်းတစ်ခုတွင် စက်တင်ဘာလ(၂၄) ရက်က မီးလောင်မှုများဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၁၆)ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။
Shanjiaoshu အမည်ရှိ ကျောက်မီးသွေးတွင်းတွင် စက်တင်ဘာလ(၂၄)ရက် နံနက်(၈)နာရီ (၁ဝ)မိနစ်အချိန်က မီးလောင်မှုစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Panzhou မြို့အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။
၎င်းက "အစောပိုင်းဆုံးဖြတ်ချက်တွေအရတော့ ကျောက်မီးသွေးတွေကို သယ်ယူပို့ဆောင်ပေးတဲ့ conveyor belt က မီးလောင်ကျွမ်းခဲ့တာ ဖြစ်နိုင်ပါတယ်။ conveyor belt မီးလောင်ကျွမ်းပြီးတော့ လူ(၁၆)ဦး ပိတ်မိသွားခဲ့တာပါ" ဟု ပြောခဲ့သည်။ သို့သော်လည်း မီးလောင်မှု ဘာကြောင့်ဖြစ်ပွားရသည် ဆိုသည့်အချက်နှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း သိရသည်။
၎င်းက "အရေးပေါ်ကယ်ဆယ်ရေးသမားတွေဟာ မီးငြိမ်းသတ်မှုတွေကိုလုပ်ဆောင်ခဲ့ပြီး အခင်းဖြစ်ပွားရာနေရာက အပူချိန်ကို ပုံမှန်အတိုင်းပြန်ဖြစ်အောင် လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပိတ်မိနေတဲ့ လူ(၁၆)ဦးဆီမှာ အသက်ရှင်တဲ့လက္ခဏာမျိုးတွေတော့ မတွေ့ခဲ့ရပါဘူး" ဟု ပြောခဲ့သည်။
Panzhou မြို့ရှိ ကျောက်မီးသွေးတွင်းသည် ဘေဂျင်းမြို့အနောက်တောင်ဘက် ကီလိုမီတာ (၃၆ဝဝ) အကွာတွင်ရှိ ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အသင်းကစားသမားများအနေဖြင့် အသင်းလိုက်ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောာင်ရန်လိုအပ်ကြောင်း ချဲလ်ဆီးနည်းပြ ပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ