Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မန်ယူအသင်းကို ဝယ်ယူဖို့ ကာတာဘီလျံနာသူဋ္ဌေးကြီး တရားဝင်ကမ်းလှမ်း

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁၈

ကာတာဘီလျံနာ သူဋ္ဌေးကြီးတစ်ဦးဖြစ်တဲ့ Sheikh Jassim bin Hamad bin Jaber al-Thani က ကမ္ဘာကျော် ဘောလုံးအသင်းကို ဝယ်ယူဖို့ ကမ်းလှမ်းလိုက်ကြောင်း၊ မန်ယူအသင်းကို ဝယ်ယူပြီးချိန်မျာ ကွင်းအတွင်း၊ ကွင်းအပြင် အောင်မြင်မှုများပြန်လည်ရယူနိုင်အောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ကတိပြုပြောဆိုလိုက်ပါတယ်။

ကာတာဝန်ကြီးချုပ်ဟောင်းရဲ့သားဖြစ်သူ Sheikh Jassim ဟာ  မန်ယူအသင်းကို ရာနှုန်းပြည့်ပိုင်ဆိုင်ဖို့ ရည်ရွယ် ထားကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။ ၎င်းက "မန်ယူအသင်းကို အလုံးစုံပိုင်ဆိုင်သွားချိန်မှာ ကမ္ဘာ့ဘောလုံး လောကမှာ အအောင်မြင်ဆုံးအသင်းဖြစ်ဖို့နဲ့ ဘောလုံးကို အကောင်းဆုံးပုံစံမျိုးနဲ့ ကစားနိုင်စွမ်းရှိတဲ့ အသင်းဖြစ်ဖို့ လုပ်ဆောင်သွားမှာပါ" လို့ပြောပါတယ်။

မန်ယူအသင်းကို ဝယ်ယူဖို့ကြိုးပမ်းနေသူများထဲမှာ ဆော်ဒီအာရေနိုင်ငံရဲ့ဘီလျံနာတွေအပြင် im Ratcliffe ' ဂျင်ရက်လစ်ဖီရဲ့ INEOS စီးပွားရေးလုပ်ငန်းစုလည်း ပါဝင်လျက်ရှိနေတယ်လို့ သိရပါတယ်။ မန်ယူအသင်းကို ဝယ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းများထွက်ပေါ်ခဲ့ဖူးတဲ့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ အီလွန်မတ်ကတော့ နှုတ်ဆိတ်လျက်ရှိနေကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။  

Sheikh Jassim ဟာ ကာတာနိုင်ငံရဲ့အကြီးဆုံးဘဏ်တစ်ခုဖြစ်တဲ့ QIB ရဲ့ဥက္ကဋ္ဌဖြစ်ပြီး မန်ယူအသင်းပရိသတ် အဖြစ် နှစ်ပေါင်းများစွာကြာ ရပ်တည်ခဲ့သူလည်းဖြစ်ပါတယ်။ အီလွန်မတ်ဟာ မန်ယူအသင်းရဲ့ အမာခံပရိသတ် တစ်ဦးဖြစ်ပြီး တွစ်တာမှာ မန်ယူအသင်းကို ဝယ်ယူမယ်လို့ ပြီးခဲ့တဲ့နှစ်က ရေးသားဖော်ပြခဲ့ဖူးပါတယ်။ မန်ယူ အသင်းကို လက်ရှိအချိန်မှာ အမေရိကန် ဂလေဇာမိသားစုက ပိုင်ဆိုင်ထားပြီး ၎င်းတို့ပိုင်ဆိုင်ခဲ့တဲ့ ၂ဝဝ၅ ခုနှစ် နောက်ပိုင်းတည်းက မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံလိဂ်၊ ချန်ပီယံလိဂ်ချန်ပီယံဆုများကို ရယူနိုင်ခဲ့ခြင်း မရှိဘဲ မန်ယူအသင်းပရိသတ်များက ဂလေဇာမိသားစုအပေါ် ဝေဖန်ပြစ်တင်မှုများ၊ ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့တယ် လို့ သိရပါတယ်။

မန်ယူအသင်းကို ဝယ်ယူဖို့ကြိုးပမ်းနေသူများထဲမှာ ပါဝင်နေတဲ့ Ineos group အုပ်စုဟာ  ပြင်သစ်ကလပ် နိုက်စ်  အသင်းနဲ့ ဆွစ်ဇာလန်ကလပ် Lausanne အသင်းတို့မှာ ရင်းနှီးမြှုပ်နှံ့မှု လုပ်ဆောင်ထားသူဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version; 








Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဘူလ်ဂေးရီးယားနိုင်ငံတွင် စွန့်ပစ်ထားသော ကုန်ကားတစ်စီးပေါ်မှ သေဆုံးနေသည့် ‌ရွှေ့ပြောင်းနေထိုင်သူ (၁၈) ဦး ကို တွေ့ရှိ

RELATED POSTS
RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved