ထိုင်းနိုင်ငံမှာ လာမယ့်နှစ်အနည်းငယ်အတွင်း Tesla၊ Microsoft အပါအဝင် ကမ္ဘာကျော်ကုမ္ပဏီကြီးတွေ လာရောက်ရင်းနှီးမြှုပ်နှံ့ဖို့ မျှော်လင့်ထားကြောင်း ထိုင်းဝန်ကြီးချုပ်ပြော
ဂျန်ဇက် (NSS) - စက်တင်ဘာ ၂၅
ထိုင်းအစိုးရအနေနဲ့ လာမယ့်နှစ်အနည်းငယ်အတွင်း ကမ္ဘာအချမ်းသာဆုံး ဘီလျံနာဖြစ်သူအီလွန်မတ် ပိုင်ဆိုင်တဲ့ Tesla လျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီ၊ Google နဲ့ Microsoft ကုမ္ပဏီတို့ဟာ ထိုင်းနိုင်ငံအတွင်း အနည်းဆုံး အမေရိကန်ဒေါ်လာ ၅ ဘီလျံ ရင်းနှီးမြှုပ်နှံသွားမယ်လို့ မျှော်လင့်ထားကြောင်း ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင် က ထုတ်ဖော်ပြောလိုက်ပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟာ ကုလသမဂ္ဂညီလာခံကိုတက်ရောက်ဖို့ အမေရိကန်နိုင်ငံကို သွားရောက်ချိန်အတွင်း ကမ္ဘာကျော်ကုမ္ပဏီတွေဖြစ်တဲ့ Tesla, Google နဲ့ Microsoft ကုမ္ပဏီတို့က တာဝန်ရှိသူများနဲ့ တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း သိရပါတယ်။
ထိုင်းဝန်ကြီးချုပ်က "အီလွန်မတ်ရဲ့ Tesla ကုမ္ပဏီဟာ ထိုင်းနိုင်ငံမှာ EV ကား ထုတ်လုပ်ရေးစက်ရုံတည်ထောင်ဖို့ ပစ်မှတ်ထားနေတယ်။ ဒါ့အပြင် Microsoft နဲ့ Google ကုမ္ပဏီတို့ဟာ ထိုင်းနိုင်ငံမှာ ဒေတာစင်တာ တည်ထောင်ဖို့ လည်း ပစ်မှတ်ထားနေတယ်" လို့ ပြောပါတယ်။
Tesla, Google နဲ့ Microsoft ကုမ္ပဏီတို့ကတော့ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတရာမှတ်ချက်ပြု ပြောဆိုခြင်း မရှိသေးကြောင်း သိရပါတယ်။ ဆာရက်သာတာဗီဆင်ဦးဆောင်တဲ့ ထိုင်းအစိုးရအဖွဲ့အသစ်ဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေးကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းမှုအဖြစ် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်နိုင်ဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံဟာ လက်ရှိအချိန်မှာ ပြည်တွင်းမှာ EV ကား ဝယ်ယူသူတွေကို အခွန်ကောက်ခံမှု လျော့ချပေးထားပြီး ဒေသအတွင်းမှာ EV ကား ဈေးကွက်ကို ဦးဆောင်တဲ့နိုင်ငံဖြစ်စေဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။
ထိုင်းဝန်ကြီးချုပ်အသစ် က "ကျွန်တော်တို့ဟာ နိုင်ငံခြားကုမ္ပဏီတွေကို ထိုင်းနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့တယ်။ သူတို့တွေကတော့ အလျင်စလိုလုပ်ဦးမှာပါ။ ရင်းနှီးမြှုပ်နှံမယ့်သူတွေဟာ သူတို့ရဲ့လုပ်ငန်းတွေကို မလုပ်ခင် အခွန်၊ တရားဥပဒေစိုးမိုးမှု၊ နိုင်ငံရေးတည်ငြိမ်မှုတွေကို အဓိကထား စဉ်းစားတွက်ချက်ကြမှာ ဖြစ်တယ်" လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေးမြို့ရှိ အများသုံးသန့်စင်ခန်းအတွင်း၌ ပုပ်ပွသေဆုံးနေသည့် အမျိုးသားအလောင်းတွေ့ရှိ
RELATED POSTS
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2024 | စီးပွားရေး,ပြည်တွင်း