မန္တလေးမြို့ရှိ အများသုံးသန့်စင်ခန်းအတွင်း၌ ပုပ်ပွသေဆုံးနေသည့် အမျိုးသားအလောင်းတွေ့ရှိ
သန့်ဇင်(NSS) - စက်တင်ဘာ ၂၅
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ရှိ အများပြည်သူသုံးသန့်စင်ခန်းအတွင်း၌ ပုပ်ပွသေဆုံးနေသည့် အမျိုးသားတစ်ဦး အလောင်းတွေ့ရှိခဲ့ကြောင်း နန်းတော်ရှေ့လူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါအလောင်းကို ယနေ့ (စက်တင်ဘာလ ၂၅ရက်)၊ နံနက် ၇နာရီ ၁၆မိနစ်အချိန်တွင် အောင်မြေသာစံမြို့နယ်၊ နန်းရှေ့ဈေးရုံအတွင်းရှိ အများသုံးသန့်စင်ခန်းအတွင်း၌ တွေ့ရှိခဲ့ကြောင်း သိရသည်။
“မနက်တုန်းကတွေ့တာပေါ့နော်။ သေဆုံးနေတာကတော့ ခန့်မှန်းချေ (၂)ရက်လောက်ရှိမယ်။ အိမ်သာထဲမှာ ဦးနှောက်သွေးကြောပျက်ပြီး ဆုံးသွားတယ်လို့တော့ ယူဆရတယ်ပေါ့” ဟု နန်းတော်ရှေ့လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
သေဆုံးနေသည့် အမျိုးသားသည် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင်နေထိုင်သည့် အသက်(၅၃)နှစ်အရွယ် ဦးသန်းထိုက်ဆိုသူဖြစ်ပြီး မန္တလေးမြို့ရှိ ဆောက်လုပ်ရေးတစ်ခုမှအလုပ်သမား ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်းလည်း သိရသည်။
“ကျွန်တော်တို့တွေ့တော့ အလောင်းကပုပ်နေပြီဗျ။ အဲဒါနဲ့ပဲ စစ်ဆေးချက်တွေလုပ်ပြီး မန္တလေးဆေးရုံကြီးပဲပို့ပေးထားပါတယ်ဗျ”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့နောက်အလောင်းအား ခန္တီမေတ္တာနာမှုကူညီရေးအသင်းမှ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာရှဖလား ဒုတိယအဆင့်တက်လှမ်းနိုင်ခဲ့သည့် မြန်မာယူ -၂၄ အသင်းကို နစကဥက္ကဋ္ဌ နှင့် MFF မှ ဆုငွေချီးမြှင့်ခဲ့
RELATED POSTS
08 Nov 2024 | မှုခင်း,ပြည်တွင်း
07 Nov 2024 | မှုခင်း,ပြည်တွင်း