ပြည်မြို့တွင် ဆောက်လုပ်ဆဲအဆောက်အဦး (၅)လွှာမှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး
သန့်ဇင်(NSS) - စက်တင်ဘာ ၂၄
ပဲခူးတိုင်း၊ ပြည်မြို့ရှိ ဆောက်လုပ်ဆဲအဆောင်အဦး (၅)လွှာမှ အလုပ်သမားတစ်ဦး ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ခေတ္တရာလူငယ်များ သာရေးနာရေး ကူညီပံ့ပိုးမှုအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာလ ၂၄ရက်)၊ နံနက် ၁၀နာရီဝန်းကျင်အချိန်တွင် ပြည်မြို့၊ ဦးဝင်းမြဆန်စက်လမ်း၊ သံလွင်ဆေးရုံနောက်ရှိ ဆောက်လက်စအဆောင်အဦးတွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“သူက အဆောက်အဦးအသစ်အပေါ်ထပ်မှာ ကြွေပြားကပ်နေရင်းကနေပြုတ်ကျတာ။ ဆောက်လုပ်ရေးလုပ်ငန်းခွင်က အလုပ်သမားပါ။ ပြုတ်ကျပြီး တန်းဆုံးသွားတာ” ဟု ခေတ္တရာလူငယ်များ သာရေးနာရေး ကူညီပံ့ပိုးမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါ ပြုတ်ကျသေဆုံးသည့် အမျိုးသားသည် အသက်(၅၀)အရွယ် ပြည်မြို့တွင်နေထိုင်သူဖြစ်ပြီး ဆောက်လက်ဆဲအဆောက်အဦး၏ (၅)လွှာမှ ပြုတ်ကျသေဆုံးသွားခဲ့ကြောင်း သိရသည်။
“အဲဒီအဆောက်အဦးက သံလွင်ဆေးရုံနောက်မှာ အသစ်ထပ်ဆောက်နေတာပေါ့။ (၅)လွှာလောက်တော့ရှိမယ်။ အဲဒီအပေါ်ကနေ ပြုတ်ကျတာပါ” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့နောက် သေဆုံးသူအမျိုးသားအား ခေတ္တရာလူငယ်များ သာရေးနာရေး ကူညီပံ့ပိုးမှုအသင်းမှ ပြည်မြို့ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
ပြည်မြို့ ရွှေဆံတော်ဘုရားအနီးရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ပြီးခဲ့သော ဩဂုတ်လ ၂၆ ရက်ကလည်း ဆောက်လုပ်ရေးအလုပ်သမားတစ်ဦး ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်းလေးဖောင်တော်ဦးရှိ ရုပ်ရှင်တော်မြတ်လေးဆူကို (၁၈)ရက်ကြာ ဒေသစာရီကြွချီပူဇော်ခံမည်
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း