ဘားအံ- သထုံကားလမ်းပေါ်ရှိ တံတားတစ်စင်း မိုင်းထောင်ဖောက်ခွဲခံရ
NSS - စက်တင်ဘာ ၂၂
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံ-သထုံကားလမ်းပေါ်ရှိ တံတားတစ်စင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။
ဖြစ်စဥ်မှာ ယနေ့(စက်တင်ဘာ ၂၂ ရက်) နံနက် ဝဝ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် ဘားအံ- သထုံကားလမ်း၊ မိုင်တိုင် အမှတ်(၁၂/၄)၊ တံတားအမှတ်(၂/၁၃)ကို အကြမ်းဖက်အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် နီးစပ်သည့် သတင်းအရင်းအမြစ် ထံမှ သိရသည်။
မိုင်းထောင်ဖောက်ခွဲခံရမှုကြောင့် တံတား၏ အောက်ခြေအလယ်ကွန်ကရစ်တိုင် ကွဲအက်ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ တံတားအား KNU/KNLA အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲခံခြင်းဖြစ်ကြောင်း အထက်ပါ သတင်းအရင်းအမြစ်က ဆိုသည်။
အလားတူ ပြီးခဲ့သည့် စက်တင်ဘာ(၂ဝ)ရက်ကလည်း ဖြူးမြို့နယ်၊ ဝဲကြီးတောင်ရွာ နှင့် ဝဲကြီးမြောက်ရွာအား ဆက်သွယ်ထားသော ဘေလီတံတား တစ်စင်းအား KNU/PDF ပူးပေါင်းအဖွဲ့က မိုင်းခွဲဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်ကြောင့် တံတား၏ မြောက်ဘက်အစပ်မှ (၁ဝ)ပေ၊ (၅)ကန့် စုစုပေါင်း ပေ(၅ဝ) နှင့် တံတားထိပ်ရှိ ဓာတ်တိုင် (၄)တိုင် (ခန့်မှန်း တန်ဖိုးငွေကျပ် သန်း(၁ဝဝ)ကျော်) ပျက်စီးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေသည့် အငှားယာဉ်(၆)သောင်းကျော်တွင် (၅)သောင်းကျော် City Taxi မှတ်ပုံတင်ထား
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း