ဖြူးမြို့နယ်ရှိ ဘေလီတံတားတစ်စင်းအား KNU/PDF ပူးပေါင်းအဖွဲ့က မိုင်းခွဲဖျက်ဆီး
Pearl (NSS) – စက်တင်ဘာ ၂၀
ဖြူးမြို့နယ်၊ ဝဲကြီးတောင်ရွာနှင့် ဝဲကြီးမြောက်ရွာအား ဆက်သွယ်ထားသော ဘေလီတံတားတစ်စင်းအား KNU/PDF ပူးပေါင်းအဖွဲ့က မိုင်းခွဲဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၁၉ ရက်)၊ ည (၁၀)နာရီ (၅၇) မိနစ် အချိန်ခန့်တွင် ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဝဲကြီးကျေးရွာ၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြူးမြို့နယ်ရှိ ဝဲကြီးတောင်ရွာ နှင့် ဝဲကြီးမြောက်ရွာအား ဆက်သွယ်ထားသည့် သံဖြင့်ပြုလုပ်ထားသော ဘေလီတံတားအား KNU/PDF ပူးပေါင်းအဖွဲ့ (အင်အား ၃၀ ခန့်)က လာရောက် မိုင်းခွဲဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။
"PDF အင်အား (၃၀)လောက်နဲ့လာပြီး မိုင်းခွဲသွားတာပါ။ ရွာတွေထဲလည်း မြေတွေပါ တော်တော်တုန်သွားတယ်။ တံတားက ဖြူးချောင်းကူးတံတား။ သံနဲ့လုပ်ထားတဲ့ ဘေလီတံတားပေါ့" ဟု လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူ တစ်ဦးက NSS ကို ပြောသည်။
ဖြစ်စဉ်ကြောင့် တံတား၏ မြောက်ဘက်အစပ်မှ (၁၀)ပေ၊ (၅)ကန့် စုစုပေါင်း ပေ(၅၀)နှင့် တံတားထိပ်ရှိ ဓာတ်တိုင် (၄)တိုင် (ခန့်မှန်း တန်ဖိုးငွေကျပ် သန်း(၁၀၀)ကျော်) ပျက်စီးသွားကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဇူလိုင်လ (၁၀)ရက်တွင်လည်း ဖြူးမြို့နယ်၊ ကညွှတ်ကွင်း-မိဿလင်သွားကားလမ်းပေါ်ရှိ တံတားတစ်စင်းအား PDF အဖွဲ့က မိုင်းထောင်ဖောက်ခွဲသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန် နိုင်ငံအနေနဲ့ စိတ်ထားနှလုံးကောင်းမွန်တယ်ဆိုတဲ့အချက်ကို ပြသသင့်ကြောင်း အီရန်သမ္မတ ပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ