အမေရိကန် နိုင်ငံအနေနဲ့ စိတ်ထားနှလုံးကောင်းမွန်တယ်ဆိုတဲ့အချက်ကို ပြသသင့်ကြောင်း အီရန်သမ္မတ ပြော
ဂျန်ဇက် (NSS) - စက်တင်ဘာ ၂ဝ
အီရန် သမ္မတ က အမေရိကန်နိုင်ငံအနေနဲ့ စိတ်ထားနှလုံး ကောင်းမွန်တယ်ဆိုတဲ့အချက်ကို ပြသပေးစေလိုကြောင်း တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
အီရန်နိုင်ငံဟာ ၂ဝ၁၅ ခုနှစ်မှာ အမေရိကန် အပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ နျူကလီးယား စာချုပ်ကို ချုပ်ဆိုခဲ့ပေမယ့် အမေရိကန်အစိုးဟာ ၂ဝ၁၈ ခုနှစ်မှာ အဲဒီစာချုပ်က တဖက်သတ်နှုတ်ထွက်သွားခဲ့ကြောင်း သိရပါတယ်။
အမေရိကန်အစိုးရအနေနဲ့ လက်ရှိအချိန်မှာ ၂ဝ၁၅ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ အီရန်နျူကလီးယားစာချုပ်ကို ပြန်လည် သုံးသပ်ဖို့ ဆုံးဖြတ်မှုတွေနဲ့ စိတ်ထားနှလုံးကောင်းရှိနေတာကို ပြသသင့်ကြောင်း အီရန်သမ္မတက ပြောပါတယ်။ အီရန်နျူကလီယားကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်ဟာ အီရန်နိုင်ငံနဲ့ နှစ်ပေါင်းများစွာကြာဆက်ဆံရေး တင်းမာ နေခဲ့ကြောင်း သိရပါတယ်။
အီရန်သမ္မတက "အမေရိကန်ဟာ ၂ဝ၁၅ ခုနှစ်က ချုပ်ခဲ့တဲ့ နျူကလီးယားသဘောတူညီမှု စာချုပ်ကို ချိုးဖောက်ခဲ့ တယ်။ အမေရိကန်ဟာ စိတ်ထားနှလုံးကောင်းမွန်မှုတွေကို ရှိသင့်တယ်" လို့ ပြောပါတယ်။
ဂျိုးဘိုင်ဒန် အမေရိကန်သမ္မတအဖြစ် တာဝန်ယူပြီးနောက် အမေရိကန်အစိုးရဟာ ၂ဝ၁၅ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ အီရန်နျူကလီးယားစာချုပ်နဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်ဖို့ဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်အောင် အရှိန်မြင့် ကြိုးပမ်းလာခဲ့ကြောင်း သိရပါတယ်။ အဆိုပါစာချုပ်ထဲမှာ အီရန်ဟာ နျူကလီးယား လုပ်ဆောင်မှုတွေကို လျော့ချရမှာဖြစ်ပြီး အပြန်အလှန်အနေနဲ့ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက အီရန် အပေါ်ချမှတ်ထားတဲ့ပိတ်ဆို့မှုတွေ ဖြေလျော့ပေးရမယ့်အချက် ပါဝင်နေကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ အီရန်နျူကလီးယားစာချုပ်နဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်မှုတွေ လုပ်ဆောင်ဖို့ စီစဉ်လာခဲ့ကြောင်း၊ အီရန်ဟာ အဆိုပါစာချုပ်နဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂရဲ့ကြားဝင်ဆွေးနွေးသူတွေရဲ့ကမ်းလှမ်းချက်တွေကို ငြင်းဆန်ထားဖူးကြောင်း သိရပါတယ်။
အီရန်ဟာ လက်ရှိအချိန်မှာ နျူကလီးယား ထုတ်လုပ်နိုင်ဖို့ သန့်စင်ထားတဲ့ ယူရေနီယံအများအပြား လုပ်ဆောင်နိုင်နေကြောင်း ဝေဖန်မှုတွေလည်းရှိနေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄ နာရီအတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပမှ သတင်းထူးများ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း