Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နိုင်ငံအတွင်း၌ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများသည် အသက်(၁၅)နှစ်နှင့်အထက် စာမတတ်သူ(၄)သန်းကျော်၏ နောက်ဆက်တွဲ အကျိုးဆက်များကြောင့်ဟု ဒုတပ်ချုပ်ပြော

မျိုးကြီး (NSS) - စက်တင်ဘာ ၂၀

နိုင်ငံအတွင်း၌ ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများသည် အသက်(၁၅)နှစ်နှင့်အထက် စာမတတ်သူ(၄)သန်းကျော်၏ နောက်ဆက်တွဲ အကျိုးဆက်များကြောင့်ဟု ဒုတပ်ချုပ်က ပြောသည်။


နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယမန်နေ့(စက်တင်ဘာလ ၁၉ ရက်)တွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး၌ ပြုလုပ်သည့် ကျေးလက်ဒေသနေပြည်သူများ နှင့် တိုင်းရင်းသားပြည်သူများစာတတ်မြောက်ရေးအစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

စာတတ်မြောက်မှသာ အများသူငှာ၏ မြှောက်ပင့်စည်းရုံးဆွဲဆောင်မှုတို့အပေါ် ဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်ကြောင်း ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။

ယနေ့အချိန်တွင် နိုင်ငံအတွင်းရှိ အချို့မြို့နယ်များနှင့် နယ်စပ်ဒေသအချို့တို့တွင် ဖြစ်ပေါ်လျက်ရှိသော အကြမ်းဖက်မှု များသည် ၂၀၁၉ ခုနှစ်ကြားဖြတ်သန်းခေါင်စာရင်းအရ (၁၅)နှစ်နှင့်အထက် စာမတတ်သူ (၄ ဒသမ ၁)သန်း၏ နောက်ဆက်တွဲ အကျိုးဆက်များကြောင့်ဖြစ်သည်ကို တွေ့ရမည်ဟု ဒုတပ်ချုပ်က ပြောသည်။

သမိုင်းအထောက်အထားများအရ ရှေးမြန်မာမင်းများလက်ထက် မြန်မာ့လူ့ဘောင်အဖွဲ့အစည်း၌ စာမတတ်သူနည်း ပါးကာ စာတတ်မြောက်သူများပြားခဲ့သည်ကိုတွေ့ရှိရကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံသည် အင်္ဂလိပ်၊ ဂျပန်၊ အင်္ဂလိပ်ကိုလိုနီခေတ် ကျွန်သပေါက်ကျရောက်ချိန်တွင် မြန်မာနိုင်ငံ၏ စာတတ်မြောက်မှုနှုန်းသည် (၃၅)ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ရကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ၁၉၇၃ ခုနှစ်လူဦးရေသန်းခေါင်စာရင်းအရ (၆၆ ဒသမ ၉)ရာခိုင်နှုန်း၊ ၁၉၈၃ ခုနှစ်လူဦးရေသန်းခေါင်စာရင်းအရ (၇၆ ဒသမ ၆)ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ်လူဦးရေသန်းခေါင်စာရင်းအရ (၈၉ ဒသမ ၅)ရာခိုင်နှုန်းနှင့် ၂၀၁၉ ခုနှစ်ကြားဖြတ်သန်းခေါင်စာရင်းအရ (၈၉ ဒသမ ၁)ရာခိုင်နှုန်းသည် စာတတ်မြောက်မှုရှိခဲ့ကြောင်း သိရသည်။


၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ မူလတန်းပညာရေးကို ဆုံးခန်းတိုင် မသင်ကြားခဲ့ရသည့် ကလေးပေါင်း (၂ ဒသမ ၇) သန်းခန့်ရှိပြီး အသက် (၁၅)နှစ်နှင့်အထက် စာမတတ်သူပေါင်း (၃ ဒသမ ၅၅)သန်းခန့်ရှိနေကြောင်း ထုတ်ပြန်ထား သည်ဟု ဒုတပ်ချုပ်က ပြောသည်။

ထို့အတူ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေစာရင်းအရ နိုင်ငံအတွင်း၌ အသက် (၁၅)နှစ်နှင့်အထက် စာမတတ်သူပေါင်းသည် (၄ ဒသမ ၁)သန်းခန့်ရှိကြောင်း ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရှိရပြီး ပြည်နယ်နှင့်တိုင်းအသီးသီး၌ စာမတတ်မြောက်သော အမျိုးသမီးရာခိုင်နှုန်းသည် အမျိုးသားများထက် မြင့်မားနေကြောင်း တွေ့ရှိရသည်ဟု ၎င်းက ထပ်မံပြောကြားထားသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရန်ကုန်သီလဝါ (SEZ) မှ မြ၀တီ အသွား/အပြန် ကုန်စည်ပို့ဆောင်မှုတွင် E-Lock စနစ်ကို စတင်အသုံးပြုမည်

RELATED POSTS
RECENT POSTS
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved