ပီရူးနိုင်ငံတွင် ဘတ်စ်ကားတစ်စီးတိမ်းမှောက်ခဲ့ပြီး အနည်းဆုံးလူ(၂၄)ဦး သေဆုံး
Pika (NSS) - စက်တင်ဘာ ၁၉
ပီရူးနိုင်ငံတွင် စက်တင်ဘာလ(၁၈)ရက် နံနက်ပိုင်းက ဘတ်စ်ကားတစ်စီးတိမ်းမှောက်ခဲ့ပြီး အနည်းဆုံးလူ(၂၄)ဦးသေဆုံးခဲ့ကြောင်း အဆိုပါဘတ်စ်ကားလုပ်ငန်းကို လုပ်ကိုင်နေသော ကုမ္ပဏီက ပြောကြားခဲ့သည်။
အဆိုပါမတော်တဆမှုကြောင့် အနည်းဆုံးလူ(၂၄)ဦး သေဆုံးခဲ့ကြောင်း Molina Union ကုမ္ပဏီ၏ ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် Scarlet Bueno ကပြောကြားခဲ့သော်လည်း နောက်ထပ်အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမျိုးမရှိကြောင်း သိရသည်။
ဘတ်စ်ကာားတိမ်းမှောက်မှုသည် စက်တင်ဘာလ(၁၈)ရက် နံနက်ပိုင်းတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပီရူးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ရေးအေဂျင်စီ (SUTRAN) က ဖော်ပြထားသော်လည်း သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက် အတိအကျကို သတင်းထုတ်ပြန်ထားခြင်းမျိုးမရှိကြောင်း သိရသည်။
ဘတ်စ်ကားသည် Ayacucho မြို့မှ Huancayo မြို့သို့ သွားနေခြင်းဖြစ်ကြောင်း (SUTRAN) က ပြောကြားခဲ့သည်။ အဆိုပါမတော်တဆမှုမှာစက်တင်ဘာလ (၁၈)ရက် နံနက်(၁)နာရီခွဲအချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းမီဒီယာများကဖော်ပြထားသော်လည်း ဘတ်စ်ကားကုမ္ပဏီနှင့် ရဲတပ်ဖွဲ့များက မတော်တဆမှုဖြစ်ပွားရသည့်အချိန်ကို အတည်ပြုခဲ့ခြင်းမျိုးမရှိကြောင်း သိရသည်။
အစောပိုင်း စုံစမ်းစစ်ဆေးမှုများအရ ဘတ်စ်ကားသည် ဘေးကင်းရေးစစ်ဆေးခြင်းများကို လုပ်ဆောင်ထားပြီး မတော်တဆမှုအာမခံများကိုလည်း လုပ်ဆောင်ထားပုံပေါ်ကြောင်း SUTRAN က ပြောကြားခဲ့သည်။
ပီရူးနိုင်ငံတွင် ယာဉ်မတော်တဆမှုများမှာ မကြာခဏဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့သည့်ဇန်နဝါရီလက နိုင်ငံမြောက်ပိုင်းတွင် ဘတ်စ်ကားတစ်စီး ချောက်ထဲသို့ထိုးကျခဲ့ခြင်းကြောင့် အနည်းဆုံးလူ(၂၄)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ကိုရီးယားဘောလုံးအသင်းက လေးနှစ်အတွင်း နိုင်ငံတကာပွဲများကို ပထမဆုံးအကြိမ် ပြန်ကစားမည်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ