မြင်းမူမြို့အဝင်ဆိုင်းဘုတ်အား ကုန်တင်ကားမှ ဝင်တိုက်ခဲ့ရာ (၂)ဦးထိခိုက်ဒဏ်ရာရရှိ
Pearl (NSS) - စက်တင်ဘာ ၁၉
မြင်းမူမြို့၌ ကုန်တင်ကားတစ်စီးမှ မြို့အ၀င်ဆိုင်းဘုတ်အား တိုက်မိပြီး (၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြတ်သုခ ကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၁၉ ရက်)၊ နေ့လည် (၁၂)နာရီ ၀န်းကျင် အချိန်ခန့်တွင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြင်းမူမြို့၊ အနောက်မြို့ရှောင်လမ်း၌ အမျိုးသား (၂)ဦး လိုက်ပါလာသော ကုန်တင်ကားတစ်စီးသည် မြင်းမူမြို့အ၀င်ဆိုင်းဘုတ်အား ၀င်တိုက်မိခဲ့ကြောင်း သိရသည်။
"ကားသမားပြောတာတော့ Steering ဂျွိုင်း ပြုတ်တယ်ပြောတယ်။ ကားက မြို့အ၀င်ဆိုင်းဘုတ်ကို တိုက်မိတာ။ ယာဉ်ပေါ်ပါ (၂)ဦး ထိခိုက်ဒဏ်ရာရတယ်" ဟု အထက်ပါလူမှုကူညီရေးအသင်း၏ တာ၀န်ရှိသူတစ်ဦးက NSS ကို ပြောသည်။
ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား(၂)ဦး ထိခိုက်ပွန်းပဲ့ဒဏ်ရာရရှိခဲ့ပြီး မြို့အ၀င်ဆိုင်းဘုတ်မှာ ပျက်ဆီးသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင်၎င်းတို့(၂)ဦးအား မြင်းမူပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး စိုးရိမ်ဖွယ်ရာအခြေအနေမရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အကျဉ်းသားအပြန်အလှန်လဲလှယ်ပြီးနောက် အီရန်ပိုင်ငွေကြေးများကို အမေရိကန်အစိုးရ ပြန်ထုတ်ခွင့်ပေး
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း