ခရမ်းချဉ်သီးသေတ္တာများဖြင့်သိုဝှက်သယ်ဆောင်လာသည့် ကျပ်သိန်း (၃၀၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို ခရီးသည်တင်ကားပေါ်မှ ဖမ်းဆီးရမိ
Pearl (NSS) - စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ ပို့ဆောင်ရန် ခရမ်းချဉ်သီးသေတ္တာများဖြင့်သိုဝှက်သယ်ဆောင်လာသည့် ငွေကျပ်သိန်း (၃၀၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် (စက်တင်ဘာလ ၁၂ ရက်)၊ နံနက် (၁၀)နာရီအချိန်ခန့်တွင် ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီး၊ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကားလမ်း၌ တောင်ကြီး-မြဝတီ ခရီးသည်တင်ယာဉ်ကိုရှာဖွေရာ ယာဉ်ပေါ်ပါ ခရမ်းချဉ်သီးသေတ္တာများအတွင်း သိုဝှက်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်း သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများပိုင်ရှင်ဖြစ်သူ စောလင်းထိန်(ခ)ကျော်ကျော်အား စက်တင်ဘာလ ၁၃ ရက်၊ နေ့လည် ၁၂ နာရီအချိန်ခန့်တွင် မြဝတီမြို့၊ စိမ်းလဲ့မြိုင်အဝေးပြေးကားဝင်းတွင် TOYOTA IPSUM ယာဉ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှထုတ်ပြန်ထားသည်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိသော အဆိုပါဆေးပြားများအား ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ သယ် ဆောင်ခြင်းဖြစ်ကြောင်းသိရပြီး လက်ရှိတွင် ၎င်းအားဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းစားသုံးဆန်နှင့် စပါးသိုလှောင်မှုများအတွက် မှတ်ပုံတင်ရမည့် စည်းကမ်းသတ်မှတ်ချက်များထွက်ပေါ်လာ
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း