မန္တလေးမြို့ရှိ ကျောက်စိမ်းဘုရားအနီးတွင် ဆယ်ကျော်သက်လူငယ်တစ်ဦး ကားကြိတ်ခံရ၍ ပွဲချင်းပြီး သေဆုံး
သန့်ဇင်(NSS) - စက်တင်ဘာ ၁၈
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ ကျောက်စိမ်းဘုရားအနီးတွင် ဆယ်ကျော်သက်အရွယ်အမျိုသာတစ်ဦး ကားကြိတ်ခံရ၍ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မြရည်နန္ဒာလူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၁၇ရက်)၊ နံနက် ၇နာရီ ၁၅မိနစ်အချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ ကျောက် စိမ်းဘုရားအနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“မနေ့ကကျောင်းပိတ်ရက်ဆိုတော့ သူငယ်ချင်းတွေနဲ့ အပျော်စက်ဘီးထွက်စီးတဲ့ အချိန်မှာပေါ့။ အဲဒီအချိန်လမ်းအကူးမှာ စက်ဘီးက စလစ်ဖြစ်ပြီး လဲသွားတဲ့အချိန် နောက်ကကားက တက်ကြိတ်မိတာပေါ့”ဟု မြရည်နန္ဒာ လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါကားကြိတ်ခံရသည့် အမျိုသားသည် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်ဈေးတွင်နေထိုင်သည့် အသက်(၁၅)နှစ်အရွယ် မောင်မြင့်သူရကျော်ဖြစ်ပြီး ကားကြိတ်ခံရစဉ် အခင်းဖြစ်ပွားရာနေရာ၌ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ ညနေ ၆နာရီ ၄၅မိနစ်အချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ လက်ကောင်းရွာအနီး၊ မန္တလေး-ပြင်ဦးလွင်လမ်းပေါ်တွင် (၆)ဘီးကားမှ ရှေ့ရှိဘေးတွဲဆိုင်ကယ်အားဝင်ရောက်တိုက်မိမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း အထက်ပါလူမှုကူညီရေး အသင်းထံမှ သိရသည်။
“ဆိုက်တွဲကရှေ့က မောင်းနေတဲ့အချိန်မှာ နောက်က ကျောက်တွေတင်လာတဲ့(၆)ဘီးကားက ဝင်တိုက်မိတာပေါ့။ ဆိုက်တွဲကားက မောင်းတဲ့လူက သေတယ်။ ကျန်တဲ့တစ်ယောက်ကတော့ စိုးရိမ်ရတယ်ပေါ့”ဟု ၎င်းကဆက်လက်ပြောသည်။
၎င်းယာဉ်တိုက်မှုတွင် အသက်(၃၇)နှစ်အရွယ် ဘေးတွဲဆိုင်ကယ်ယာဉ်မောင်းအမျိုးသားသည် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ကျန်အမျိုသားသည် စိုးရိမ်ဖွယ်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
အထက်ပါ ယာဉ်တိုက်မှုဖြစ်စဉ်များမှ သေဆုံးသူ(၂)ဦးနှင့် ဒဏ်ရာရှိသူတစ်ဦးအား မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နှင့်အတူ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများကို အားကောင်းစေသည့် ဒီဂျစ်တယ်ဂေဟစနစ် ဖန်တီးရေး UMFCCI ဆန္ဒရှိနေ
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း