တနင်္သာရီတိုင်းဝန်ကြီးချုပ်၏ ရှေ့ပြေးလုံခြုံရေးယာဉ်တစ်စီး ပစ်ခတ်တိုက်ခိုက်ခံခဲ့ရ
မြူနစ် (NSS) - စက်တင်ဘာ ၁၇
တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို၏ ရှေ့ပြေးလုံခြုံရေးယာဉ်တစ်စီး ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း တိုင်းအစိုးရအဖွဲ့နှင့်နီးစပ်သော သတင်းအရင်းအမြစ်တစ်ဦးက NSS ကို ပြောသည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၅ ရက်၊ နံနက် ၈ နာရီအချိန်ခန့်တွင် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ၊ ဟားလီးကွေ့အနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အထက်ပါသတင်းအရင်းအမြစ်က ပြောသည်။
တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို လိုက်ပါသည့်ယာဉ်တန်းသည် ထားဝယ်မြို့ရှိ နည်းပညာတက္ကသိုလ်သို့ သွားရောက်စဉ်အချိန်တွင် ရှေ့ပြေးပွိုင့်ကားတစ်စီး ပစ်ခတ်တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
“ယာဉ်တန်းမှာ ရှေ့ကသွားတဲ့ ပွိုင့်ကား အပစ်ခံရတာ။ ဝန်ကြီးချုပ်ယာဉ်တန်းတော့ အပစ်မခံရပါဘူး။ ပစ်တဲ့သူတွေကတော့ ပစ်ပြီးထွက်ပြေးသွားတယ်ပြောတယ်။ ဖြစ်တာကတော့ ဟားလီးကွေ့မှာဖြစ်တာ။ မြို့နဲ့နီးတော့ လမ်းကြောင်းလုံခြုံရေးက မယူဘူးနဲ့တူပါတယ်” ဟု အထက်ပါသတင်းအရင်းအမြစ်က ပြောသည်။
ထိုသို့ ရှေ့ပြေးလုံခြုံရေးယာဉ်တစ်စီး ပစ်ခတ်ခံရမှုကြောင့် (၁)ဦးသေဆုံးခဲ့ပြီး (၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
၎င်းကဲ့သို့ ပစ်ခတ်တိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ NSS သတင်းဌာနအနေဖြင့် အချက်အလက်များကို ထပ်မံစိစစ်အတည်ပြုနိုင်ရေးအတွက် တနင်္သာရီတိုင်းအစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ၊ လူမှုရေးရာဝန်ကြီးဦးသန့်ဇင်ထံသို့ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေကြားခြင်း မရှိခဲ့ပေ။
ထားဝယ်(ပ.က.ဖ)DGRF အဖွဲ့က ဟားလီးကွေ့အနီးတွင် ဝန်ကြီးခရီးစဉ်အတွက် လုံခြုံရေးလာယူသည့် Vigo ကားကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနှင့် ယင်းကဲ့သို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက်ပိုင်းတွင် ထိတွေ့ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီရန်နိုင်ငံ မြို့တော်အနီး အမျိုးသမီးအကျဉ်းထောင်မှာ မီးလောင်မှုဖြစ်ပွား
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ