ဘရာဇီးနိုင်ငံ၊ အမေဇုန်းနားပြည်နယ်မှာ လေယာဉ်ပျက်ကျမှုကြောင့် လူ ၁၄ ဦး သေဆုံး
ရောင်နီ (NSS) - စက်တင်ဘာ ၁၇
ဘရာဇီးနိုင်ငံမြောက်ပိုင်း အမေဇုန်းနားပြည်နယ်မှာ စနေနေ့ (စက်တင်ဘာ ၁၆ ရက်) က လေယာဉ်ငယ်တစ်စီး ပျက်ကျမှုဖြစ်ပွားခဲ့ပြီး လူ ၁၄ ဦး သေဆုံးခဲ့ရတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ပါတယ်။
ပြည်နယ်မြို့တော် မားနက်စ် မှ ကီလိုမီတာ ၄ဝဝ (၂၄၈ မိုင်) ခန့်အကွာမှာ အဆိုပါမတော်တဆမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။ မတော်တဆမှုဖြစ်ပွားခဲ့တဲ့ လေကြောင်းလိုင်းကတော့ Manaus Aerotaxi ဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးသူတွေထဲမှာ ခရီးသည် ၁၂ ဦးနဲ့ လေယာဉ်အမှုထမ်းနှစ်ဦး ပါဝင်ခဲ့ပြီး အဆိုပါ မတော်တဆမှုအတွက် ဝမ်းနည်းကြောင်းကို အမေဇုန်းနား ပြည်နယ်အုပ်ချုပ်ရေးမှူး ဝစ်ဆန်လီမာက X မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
လေကြောင်းလိုင်းဟာ မတော်တဆမှုဖြစ်ပွားရတဲ့အကြောင်းအရင်းကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီး သေဆုံးမှု၊ ဒဏ်ရာရမှုနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ မဖော်ပြနိုင်သေးပါဘူး။ အဆိုပါ လေယာဉ်ငယ်ပျက်ကျရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့ မတော်တဆမှုစုံစမ်းစစ်ဆေးရေးနဲ့ ကာကွယ်ရေး ဌာန (CENIPA) မှ စုံစမ်းစစ်ဆေးရေးမှူးတွေကို ဖိတ်ခေါ်ထားတယ်လို့ ဘရာဇီးလေတပ် (FAB) မှ ထုတ်ပြန်ချက် အရ သိရပါတယ်။
O Globo သတင်းစာမှ ဖော်ပြချက်တစ်ခုအရ သေဆုံးသူတွေဟာ ဘရာဇီးလ်ခရီးသွားတွေဖြစ်တယ်လို့ သိရပါ တယ်။ မတော်တဆမှုဟာ လေယာဉ်ဆင်းသက်ချိန် လမ်းကြောင်းလွဲချော်ခဲ့ခြင်းကြောင့်ဖြစ်နိုင်တယ်လို့ ကနဦး ယူဆထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တနင်္သာရီတိုင်းဝန်ကြီးချုပ်၏ ရှေ့ပြေးလုံခြုံရေးယာဉ်တစ်စီး ပစ်ခတ်တိုက်ခိုက်ခံခဲ့ရ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ