တောင်ကိုရီးယားနိုင်ငံမှာ ခွေးသား ရောင်းချ စားသုံးခြင်းကို ပိတ်ပင်တားမြစ်သွားမယ်
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁၇
တောင်ကိုရီးယားအမတ်တွေဟာ နိုင်ငံအတွင်းမှာ ခွေးသားရောင်းချ စားသုံးခြင်းများကို တားမြစ်ဖို့ ရည်ရွယ်တဲ့ ဥပဒေတစ်ရပ်ပြဌာန်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ခွေးသား ရောင်းချခြင်း၊ စားသုံးခြင်းများနဲ့ပတ်သက်ပြီး ကာလအတန်ကြာ အငြင်းပွားခဲ့ပြီးနောက် လွှတ်တော်ကိုယ်စားလှယ်များက ပိတ်ပင်မယ့်ဥပဒေတစ်ရပ် သတ်မှတ်ဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကျင်းပခဲ့တဲ့ လွှတ်တော်အစည်းဝေးမှာ တောင်ကိုရီးယား အဓိကအတိုက်ခံပါတီဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီက အဆိုပြုတင်သွင်းခဲ့ရာ အာဏာရပါတီဖြစ်တဲ့ ပြည်သူအင်အားပါတီကလည်း ထောက်ခံခဲ့ကြောင်း သိရပါတယ်။
တောင်ကိုရီးယားအာဏာရပါတီအကြီးအကဲတစ်ဦးဖြစ်တဲ့ Park Dae-chul က "တောင်ကိုရီးယားနိုင်ငံရှိ အိမ်ထောင်စုပေါင်း ၁ဝ သန်းဟာ ခွေးသား စားသုံးတာမျိုး ရှိနေတယ်။ လက်ရှိအချိန်မှာတော့ ခွေးသား စားသုံးခြင်းကို အဆုံးသတ်တော့မှာပါ" လို့ ပြောပါတယ်။
တောင်ကိုရီးယားလွှတ်တော်ကိုယ်စားလှယ်တွေဟာ နိုင်ငံအတွင်း ခွေးသား စားသုံးခြင်းကို အဆုံးသတ်စေမယ့် ကြိုးပမ်းမှုများ၊ လှုပ်ရှားမှုများ လုပ်ဆောင်ခွင့်ပေးမယ့်အချက်ကို ဥပဒေအတွင်း ထည့်သွင်းပေးသွားဖွယ်ရှိနေကြောင်း သိရပါတယ်။
တောင်ကိုရီးယားအမတ်တစ်ဦးက "လူသားတွေနဲ့ တိရစ္ဆာန်တွေကို အတူနေထိုင်တာမျိုးဖြစ်သင့်တယ်။ တရားမဝင် ခွေးသား စားသုံးခြင်းကို အဆုံးသတ်ရမယ်" လို့ ပြောပါတယ်။
ကိုရီးယားကျွန်းဆွယ်မှာ ခွေးသား စားသုံးခြင်းဟာ နှစ်ပေါင်းများစွာကြာရှိနေခဲ့ကြောင်း သိရပါတယ်။ တောင်ကိုရီးယားပြည်သူတွေဟာ တိရစ္ဆာန်အခွင့်အရေးကို နားလည်လာပြီးနောက် ပြီးခဲ့တဲ့နှစ်ပိုင်းမှာ ခွေးသား စားသုံးခြင်း လျော့ချခဲ့ပေမယ့် တစ်နှစ်ကို ခွေးအကောင်ရေပေါင်း ၇ သိန်းကနေ တစ်သန်းအထိ အသတ်ခံနေရဆဲဖြစ်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျူးဘားနိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန်အစိုးရရဲ့ပိတ်ဆို့မှုများက တရားမဝင်ကြောင်း ဘရာဇီးသမ္မတ ဝေဖန်ပြစ်တင်
RELATED POSTS
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2024 | စီးပွားရေး,ပြည်တွင်း