ကျူးဘားနိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန်အစိုးရရဲ့ပိတ်ဆို့မှုများက တရားမဝင်ကြောင်း ဘရာဇီးသမ္မတ ဝေဖန်ပြစ်တင်
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁၇
ဘရာဇီးသမ္မတ လူဝစ် အင်နာစီယို လူလာ ဒါဆေးလ်ဗားဟာ ကျူးဘားနိုင်ငံအပေါ် ပိတ်ဆို့မှုများ ချမှတ်ထားတဲ့ အမေရိကန်အစိုးရရဲ့လုပ်ရပ်ကို ဝေဖန်ပြစ်တင်လိုက်ပြီး အဲဒီပိတ်ဆို့မှုတွေက တရားမဝင်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
ဘရာဇီးသမ္မတဟာ ကျူးဘားနိုင်ငံကို အကြမ်းဖက်သမားများ စပွန်ဆာပေးတဲ့နိုင်ငံများစာရင်းမှာ ထည့်သွင်းခြင်းနဲ့ ပတ်သက်ပြီးလည်း အမေရိကန်အစိုးရကို ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရပါတယ်။
ဘရာဇီးသမ္မတက "ကျူးဘားဟာ တရားမျှတတဲ့ ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်ရေးစနစ်ကိုထောက်ခံတဲ့ နိုင်ငံပါ၊ ကျူးဘားနိုင်ငံအပေါ် တစ်ဖက်သတ်ပိတ်ဆို့မှုတွေရဲ့ သားကောင်ဖြစ်နေတယ်။ ဘရာဇီးနိုင်ငံဟာ အမေရိကန်နိုင်ငံ ရဲ့တစ်ဖက်သတ်ပိတ်ဆို့မှုချမှတ်ခြင်းများကို ဆန့်ကျင်ကန့်ကွက်ပါတယ်။ ကျူးဘားနိုင်ငံကို အကြမ်းဖက်အုပ်စုတွေ စပွန်ဆာပေးတဲ့နိုင်ငံစာရင်းထဲ ထည့်သွင်းခြင်းကိုလည်း ငြင်းဆန်ပယ်ချပါတယ်" လို့ ပြောပါတယ်။
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက်က အမေရိကန်အစိုးရဟာ ကျူးဘားနိုင်ငံအပေါ် ပိတ်ဆို့မှု များ ချမှတ်ခဲ့ပေမယ့် လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်လက်ထက်မှာတော့ ကျူးဘားအပေါ်ချမှတ်ထားတဲ့ အမေရိကန်အစိုးရရဲ့ပိတ်ဆို့မှုတွေကို ပြန်လည်ဖြေလျော့ပေးခဲ့ကြောင်း သိရပါတယ်။
နိုင်ငံတကာအဖွဲ့အစည်းတွေဟာ ကျူးဘားနိုင်ငံအပေါ်ချမှတ်ထားတဲ့ အမေရိကန်အစိုးရရဲ့ပိတ်ဆို့မှုတွေကို ပြစ်တင်ရှုတ်ချထားပြီး အဲဒီပိတ်ဆို့မှုတွေကြောင့် ကျူးဘားနိုင်ငံဟာ အစားစာ၊ ဆေးဝါးနဲ့ အခြားလိုအပ်တဲ့ ပစ္စည်းများ ရရှိနိုင်ဖို့ အတားအဆီးဖြစ်နေကြောင်း သိရပါတယ်။ ဥရောပသမဂ္ဂဟာ အမေရိကန်အစိုးရရဲ့ မဟာမိတ်အဖြစ်ရှိနေပေမယ့် ကျူးဘားအပေါ် ချမှတ်ထားတဲ့ အမေရိကန်နိုင်ငံရဲ့ပိတ်ဆို့မှုတွေကို အသိအမှတ်ပြု ခြင်းမရှိကြောင်း သိရပါတယ်။
ကုလသမဂ္ဂအဖွဲ့ကလည်း ကျူးဘားနိုင်ငံအပေါ်ချမှတ်ထားတဲ့ အမေရိကန်အစိုးရရဲ့ပိတ်ဆို့မှုတွေ ပြန်လည်ဖြေလျော့ပေးဖို့ တောင်းဆိုနေပေမယ့် တိုးတက်မှုမရှိသေးကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
MNA လေကြောင်းလိုင်းအနေဖြင့် မကြာမီအချိန်တွင် ဒေသတွင်းနိုင်ငံများသို့ Cargo လေယာဉ်ခရီးစဉ်ကို စတင်ပျံသန်းမည်
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း