Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပိုလန်၊ ဟန်ဂေရီ၊ ဆလိုဗက်ကီးယား အိမ်နီးချင်း ဥရောပနိုင်ငံတို့က ယူကရိန်းသီးနှံကို ပိတ်ပင်

Htay Oung (NSS) - စက်တင်ဘာ ၁၇ 

အိမ်နီးချင်း ငါးနိုင်ငံတို့က ယူကရိန်းသီးနှံတင်သွင်းခွင့် ပိတ်ပင်ထားမှုကို သက်တမ်းတိုးခြင်းမပြုရန် ဥရောပ ကော်မရှင်က ဆုံးဖြတ်ခဲ့ပြီးနောက် ပိုလန်၊ ဆလိုဗက်ကီးယားနဲ့ ဟန်ဂေရီတို့က ယူကရိန်းမှ ကောက်ပဲသီးနှံ တင်သွင်းမှုအပေါ် ကိုယ့်ဖာသာ ကန့်သတ်ကြောင်း သောကြာနေ့ စက်တင်ဘာလ ၁၅ ရက်မှာ ထုတ်ပြန်ကြေညာ လိုက်တယ်လို့ Reuters က ယမန်နေ့ ရေးသားပါတယ်။

တစ်ချိန်က ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သူဖြစ်ခဲ့ဖူးတဲ့ ယူကရိန်းဟာ ၂ဝ၂၂ ခုနှစ် ရုရှား ကျူးကျော်မှုနောက်ပိုင်း ကမ္ဘာ့ဈေးကွက်သို့ နိုင်ငံ့လယ်ယာထွက်ကုန်တင်ပို့နိုင်မှုကို လျှော့ချခဲ့ရပါတယ်။ ပင်လယ်နက်ဆိပ်ကမ်းများမှ တစ်ဆင့် နှစ်သက်ရာလမ်းကြောင်းများကို အသုံးမပြုနိုင်တဲ့ ယူကရိန်းလယ်သမားများတွေဟာ ပဋိပက္ခ စတင် ကတည်းက အိမ်နီးချင်းနိုင်ငံများမှ တစ်ဆင့် သီးနှံတင်ပို့မှုအပေါ် မှီခိုလာရပါတယ်။

ဒီအတွက် အိမ်နီးချင်းနိုင်ငံများအတွင်း နှံစားနဲ့ ဆီထွက်သီးနှံများ အလျှံပယ်ဖြစ်လာပြီး စျေးနှုန်းများ ကျဆင်းလာခဲ့ ပါတယ်။ ဒေသခံတောင်သူများရဲ့ဝင်ငွေကို ထိခိုက်လာတဲ့အတွက် ယူကရိန်းမှ စိုက်ပျိုးရေးထွက်ကုန် တင်သွင်းမှုကို  သက်ဆိုင်ရာအစိုးရအသီးသီးတို့က ပိတ်ပင်ခဲ့ပါတယ်။ နိုင်ငံတစ်ခုချင်းစီရဲ့ တစ်ဖက်သတ်ပိတ်ပင်မှုများကို ဥရောပသမဂ္ဂက မေလမှာ စွက်ဖက်လာခဲ့တဲ့ပါတယ်။ 

အီးယူဆိုလိုတဲ့ကန့်သတ်ချက်ဟာ ယူကရိန်းအနေနဲ့ အဲဒီမှတဆင့် အခြားနေရာများမှာ ရောင်းချဖို့ အလားအလာ ရှိတဲ့ သူကုန်ပစ္စည်းများ တင်ပို့ခြင်းကို ခွင့်ပြုထားပါတယ်။

အိမ်နီးချင်းနိုင်ငံများသို့ ပို့ကုန်များအပေါ် ထိန်းချုပ်မှုတင်းကြပ်ဖို့ ယူကရိန်းက ကတိပြုပြီးနောက် အဲဒီကန့်သတ် ချက်များ သက်တမ်းကုန်ဆုံးကြောင်း သောကြာနေ့မှာ အီးယူက ခွင့်ပြုခဲ့ပါတယ် တောင်သူလယ်သမားများက သီးနှံများ ရိတ်သိမ်းပြီး ရောင်းချရန် ပြင်ဆင်နေဆဲကာလ အဲ့ဒီခွင့်ပြုချက်ဟာ အလွန်ထိရှလွယ်တဲ့ကိစ္စဖြစ်ပါတယ်။

နိုင်ငံများအနေနဲ့ ယူကရိန်းသီးနှံတင်သွင်းမှုအပေါ် တစ်ဖက်သတ်ဆောင်ရွက်ခြင်းများကို ရှောင်ကြဉ်သင့်တယ်လို့ ဥရောပသမဂ္ဂကုန်သွယ်ရေးကော်မရှင်နာမင်းကြီးက ပြောပါတယ်။ ဒါပေမယ့် အိမ်နီးချင်း ပိုလန်၊ ဆလိုဗက်ကီး ယားနဲ့ ဟန်ဂေရီတို့က ယူကရိန်းသီးနှံတင်သွင်းမှုအပေါ် ကိုယ့်ဖာသာ ကန့်သတ်ချက်များ ပြန်လည် ချမှတ်ခြင်းဖြင့် ချက်ချင်းတုံ့ပြန်လိုက်ပါတယ်။ ယူကရိန်းထွက်ကုန်များ ဖြတ်သန်းခွင့်ကိုတော့  ဆက်လက်ခွင့်ပြုမယ်လို့ ဆိုပါ တယ်။

ထရပ်ကား မီးရထားများမှတဆင့် တင်ပို့လာတဲ့ ကောက်ပဲသီးနှံတွေဟာ ခရီးဆုံးအခြားနိုင်ငံတစ်ခုခုကို ရောက်ရှိ သွားမှာဖြစ်ကြောင်း သက်သေပြနိုင်သရွေ့ သူတို့ပြည်တွင်တားမြစ်ချက်တွေနဲ့ အကြုံဝင်ခြင်း မရှိကြောင်း၊ အဲဒါကြောင့် ယူကရိန်းရဲ့ ပို့ကုန်ထုတ်နိုင်စွမ်းကို ထိခိုက်စရာမရှိပါဘူးလို့ ချီကာဂိုအခြေစိုက် “မာရဇ်_စိုက်ပျိုး ရေးမဟာဗျူဟာအချက်အလက်ဆိုင်ရာအင်စတီကျူဒ့်” မှ အကြီးတန်းပညာရှင်တစ်ဦးက မှတ်ချက်ပေးပါတယ်။ 


ယူကရိန်းအနေနဲ့ သူ့ရဲ့ပို့ကုန်များအပေါ် ဘယ်လောက်အတိုင်းအတာအထိ တင်းကြပ်ရန် ကတိပြုထားကြောင်း (သို့မဟုတ်) အိမ်နီးချင်းနိုင်ငံများရဲ့ ယခု တားမြစ်ချက်အသစ်ဟာ ယူကရိန်းထွက်ကုန်စီးဆင်းမှုများအပေါ် ဘယ် လောက်အထိ သက်ရောက်မယ်ဆိုတာ ရှင်းရှင်းလင်း မသိရသေးပါဘူး။ ယခုပြဿနာဟာ အလုံးအရင်းနဲ့ စိုက်ပျိုး ထုတ်လုပ်ကြဖို့ ကိုယ်တိုင်လှုံဆော်နေကြတဲ့ အဖွဲ့ဝင်နိုင်ငံများရဲ့စီးပွားရေးအပေါ် ယူကရိန်းစစ်ပွဲရဲ့ ဂယက် ရိုက်ခတ်မှုနဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂအတွင်း သဘောကွဲလွဲမှုကို မီးမောင်းထိုးပြနေပါတယ်။

သီးနှံတင်ပို့မှုကန့်သတ်ချက်ကို သက်တမ်းတိုးခြင်းမပြုဖို့ အီးယူရဲ့ဆုံးဖြတ်ချက်ကို ယူကရိန်းသမ္မတ ဗိုလိုဒီမြာ_ ဇီလင်စကီးက ကြိုဆိုခဲ့ပေမယ့် အဖွဲ့ဝင်နိုင်ငံများအနေနဲ့ အီးယူရဲ့စည်းမျဉ်းများကို ချိုးဖောက်ပါက သိမ်မွေ့စွာ တုံ့ပြန်သွားမယ်လို့ ပြောပါတယ်။

ဒါပေမယ့် အိမ်နီးချင်း သုံးနိုင်ငံကတော့ သူတို့ရဲ့ဆောင်ရွက်မှုတွေဟာ သူတို့နိုင်ငံစီးပွားရေး အကျိုးစီးပွားအတွက် ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

ယူကရိန်းမှ နှံစားနဲ့ ဆီထွက်သီးနှံများကို ကုလသမဂ္ဂ ကျောထောက်နောက်ခံပြု ရင်ကြားစေ့ရေးလမ်းများဟု ခေါ်ကြတဲ့  ဘေးကင်းလုံခြုံစွာ ရေလမ်းကြောင်းမှ တင်ပို့ရေး ပင်လယ်နက်သဘောတူညီချက်မှ ဇူလိုင်လမှာ ရုရှား က နှုတ်ထွက်သွားခဲ့ပါတယ်။ ဒီအတွက် အစားထိုး ကုန်းတွင်းလမ်းကြောင်းကို အီးယူက ဖန်တီးဖို့ ဖြစ်လာပါတယ်။

ရက်ပေါင်း ၃ဝ အတွင်း ပို့ကုန်လိုင်စင်ထုတ်ပေးရေးမျိုးလို အစီအစဉ်များကို စတင်ကျင့်သုံးရန် ယူကရိန်းက သဘောတူပြီးနောက် ကန့်သတ်ချက်တွေဟာ မူလအစီအစဉ်အတိုင်း သက်တမ်းကုန်မှာဖြစ်ကြောင်း ဥရောပ ကော်မရှင်က ပြောခဲ့ပါတယ်။ ယခင် လွဲမှားတဲ့ တင်ပို့မှုတွေဟာ စျေးကွက်မှာ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း၊ ထိရောက်တဲ့ပို့ကုန်ထိန်းချုပ်မှုများကို ယူကရိန်းက ကျင့်သုံးနေသရွေ့ ကန့်သတ်ချက်များကို ချမှတ်မှာ မဟုတ်ဘူး လို့လည်း ဆိုပါတယ်။

သီးနှံထွက်ကုန်တွေ အလျှံပယ်ဖြစ်လာခြင်းဟာ သူတို့ရဲ့ပြည်တွင်းစျေးနှုန်းကို ထိခိုက်စေပြီး ဒေဝါလီခံရတဲ့အထိ ဦးတည်နေကြောင်း ယူကရိန်းအိမ်နီးချင်းနိုင်ငံ ၅ နိုင်ငံမှ လယ်သမားတို့က အကြိမ်ကြိမ်စောဒက တက်ခဲ့ကြ ပါတယ်။


ဘူလ်ဂေးရီးယားမှလွဲပြီး ကျန် ၄ နိုင်ငံများတို့က အီးယူရဲ့ကန့်သတ်မှုကို သက်တမ်းတိုးဖို့ တွန်းအားပေးခဲ့ပါတယ်။ ကြာသပတေးနေ့ ဘူလ်ဂေးရီးယားဟာ ကန့်သတ်ချက်များကို ဖျက်သိမ်းရန် မဲပေးခဲ့ပါတယ်။ အခြား အိမ်နီးချင်း နိုင်ငံများနဲ့ ရေမြေအခြေအနေ တူညီခြင်းမရှိတဲ့ ရိုမေးနီးယားအစိုးရကတော့ တစ်ဖက်စပ် တားမြစ်ချက်တွေကို မေလမတိုင်မီထိ မထုတ်ပြန်ခဲ့ပါဘူး။ ကန့်သတ်မှုကို သက်တမ်းတိုးရန် ဥရောပဖြေရှင်းနည်းကို ရှာမတွေ့သည့် အတွက် ဝမ်းနည်းမိကြောင်း၊ ယူကရိန်းရဲ့ပို့ကုန်တွေ မြင့်တက်လာတာနဲ့အမျှ တားဆီးဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

ကုလကျောထောက်နောက်ခံပြု ရင်ကြားစေ့လမ်းများမှတဆင့် သီးနှံ ၆ဝ ရာခိုင်နှုန်းတင်ပို့နေတဲ့ ယူကရိန်းဟာ ပင်လယ်နက်သဘောတူညီချက် ပျက်ပြားသွားပြီးနောက် ၄ဝ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ သြဂုတ်လ ယူကရိန်းက ရင်ကြား စေ့လမ်းများမှတဆင့် သီးနှံတန်ချိန် ၄-သန်းတင်ပို့ရာမှာ တန်ချိန် ၂.၇ သန်းနီးပါးဟာ ဒင်းညု မြစ်ကြောင်းမှ ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံမှာ မြစ်ဖျားခံတဲ့ ဒင်းညုဟာ သြစတြီးယား၊ ဆလိုဗက်ကီးယား၊ ဟန်ဂေရီ၊ ခရိုအေးရှား၊ ဆားဗီးယား၊ ရိုမေးနီးယား၊ ဘူးလ်ဂေးရီးယား၊ မော်လ်ဒိုဗာ၊ ယူကရိန်းနိုင်ငံများတလျှောက် မိုင်ပေါင်း ၁၈ဝဝ ခန့်ကို ဖြတ်သန်းပြီး ပင်လယ်နက်အတွင်း စီးဝင်နေပါတယ်။

ဥရောပကော်မရှင်အနေနဲ့ ရိုမေးနီးယားမှတစ်ဆင့် ပို့ကုန်များ ပိုမိုတိုးမြှင့်လိုပေမယ့် ရိုမေးနီးယားနယ်စပ်အနီး ယူကရိန်းရဲ့ သီးနှံအခြေခံအဆောက်အအုံများကို ရုရှားက ဒရုန်းဖြင့် တိုက်ခိုက်နေတဲ့အတွက် အစီအစဉ်မှာ ရှုပ်ထွေး နေပါတယ်။ 

#ယူကရိန်းသီးနှံ_တင်ပို့မှု #ယူကရိန်းအိမ်နီးချင်း_ငါးနိုင်ငံ #ဥရောပကော်မရှင် #ပင်လယ်နက် #ဒင်းညုမြစ်


(Reuters, 16 September 2023,” Poland, Hungary, Slovakia to introduce bans on Ukraine grains” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တောင်ကိုရီးယားနိုင်ငံမှာ ခွေးသား ရောင်းချ စားသုံးခြင်းကို ပိတ်ပင်တားမြစ်သွားမယ်

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved