ချမ်းအေးသာဇံမြို့နယ်ရှိ မြဝတီဘဏ်အား အကြမ်းဖက်သမား(၂)ဦးက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်
Pearl (NSS) - စက်တင်ဘာ ၁၇
မန္တလေးတိုင်း၊ ချမ်းအေးသာဇံမြို့နယ်ရှိ မြဝတီဘဏ်အား အကြမ်းဖက်သမား(၂)ဦးက လက် ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက NSS ကို ပြောသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၁၆ ရက်)၊ နေ့လည်ပိုင်းတွင် မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ ၈၁ လမ်း၊ ၂၆ လမ်း နှင့် ၂၇လမ်းကြားတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ၈၁ လမ်း၊ ၂၆ လမ်းနှင့် ၂၇လမ်းကြားရှိ မြဝတီဘဏ်အနီးသို့ အမျိုးသား(၂)ဦးသည် ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး အဆိုပါဘဏ်အား လက်ပစ်ဗုံး (၁)လုံးဖြင့် ပစ်ပေါက် ၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
လက်ပစ်ဗုံးသည် ဘဏ်ရှေ့ လူသွားပလက်ဖောင်းအနီးရှိ လျှပ်စစ်ဓာတ်တိုင်အနီး၌ ကျရောက်ပေါက်ကွဲခဲ့သော်လည်း လူနှင့်အဆောက်အဦး ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
အဆိုပါ မြဝတီဘဏ်အား No More Dictatorship People Defense Force အဖွဲ့က ပစ် ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ (စက်တင်ဘာလ ၁၇ရက်)၊ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
အလားတူ ပြီးခဲ့သည့် ဩဂုတ်လ(၂၁)ရက်တွင် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၂)ရပ်ကွက်၊ ၆၈ လမ်း၊ ၁၀၁(A)လမ်း နှင့် ၁၀၁(B)လမ်းကြားရှိ မန္တလေးတိုင်းဒေသကြီးရသုံးမှန်းခြေငွေ စာရင်းဦးစီးဌာနရုံကို အကြမ်းဖက်အဖွဲ့မှ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပိုလန်၊ ဟန်ဂေရီ၊ ဆလိုဗက်ကီးယား အိမ်နီးချင်း ဥရောပနိုင်ငံတို့က ယူကရိန်းသီးနှံကို ပိတ်ပင်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ