လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်းအတွက် သင်တန်းသားများ ခေါ်ယူနေ
Pearl (NSS) - စက်တင်ဘာ ၁၄
လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း(PPTT) အမှတ်စဉ် (၁၀/၂၃)အတွက် သင်တန်းသားများ ခေါ်ယူနေကြောင်း ဆရာအတတ်ပညာဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ဆရာအတတ်ပညာဦးစီးဌာနမှ ယနေ့ (စက်တင်ဘာလ ၁၄ရက်)တွင် နိုင်ငံပိုင်သတင်းစာမှတဆင့် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ်အတွက် (PPTT)အမှတ်စဉ် (၁၀/၂၃) သင်တန်းကို ပညာရေးဒီဂရီကောလိပ်များ၌ နိုဝင်ဘာလ(၂၃)ရက်တွင်ဖွင့်လှစ်မည်ဖြစ်ပြီး ဝင်ခွင့်လျှောက်ထားလိုသူများသည် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိရန် လိုအပ်ကြောင်း သိရသည်။
လျှောက်ထားသူများသည် ပြင်ပဘွဲ့ရဖြစ်ပါက နိုဝင်ဘာလ(၂၃)ရက်တွင် အသက် (၃၅)နှစ် နှင့် ဝန်ထမ်းဖြစ်ပါက အသက်(၄၀)နှစ်ထက်မကြီးသူဖြစ်ရန်လိုအပ်ပြီး အင်္ဂလိပ်စာ၊ ပညာရေးဆိုင်ရာဗဟုသုတ ရေးဖြေစာမေးပွဲနှင့် လူတွေ့နှုတ်ဖြေကို သက်ဆိုင်ရာပညာရေးဒီဂရီကောလိပ်များတွင် ဖြေဆိုကြရမည်ဖြစ်ကြောင်း သိရသည်။
လျှောက်လွှာများအား စက်တင်ဘာလ ၃၀ ရက်ထက် နောက်မကျစေဘဲ လျှောက်လွှာတင်ရမည်ဖြစ်ပြီး ပညာရေးဒီဂရီကောလိပ်တည်ရှိရာ တိုင်း/ပြည်နယ်ရှိ မြို့နယ်တစ်ခုကို ကိုယ်စားပြု၍ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းတတ်ရောက်ခွင့်ရရှိသူများသည် သင်တန်းအားပြီးစီးအောင်တတ်၍ မူလတန်းဆရာအတတ်ပညာ လက်မှတ်ရရှိပြီးနောက် လက်ထောက်မူလတန်းပြအဖြစ် အနည်းဆုံး(၅)နှစ်တာဝန်ထမ်းဆောင်မည်ဟု ဝန်ခံလက်မှတ်ရေးထိုးရမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းပြီးစီးအောင် မတတ်လျှင်သော်လည်ကောင်း၊ ခန့်ထားခြင်းခံရသော အခြေခံပညာကျောင်းများတွင် တာဝန်မထမ်းဆောင်ခဲ့လျှင်သော်လည်ကောင်း သတ်မှတ်လျော်ကြေး(၅)သိန်းကျပ်နှင့်အတူ လစဉ်ထောက်ပံ့ကြေးကို ပေး လျော်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လားရှိုးမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ ထိခိုက်သေဆုံးမှုများရှိနေ
RELATED POSTS
07 Sep 2024 | ပညာရေး,ပြည်တွင်း
29 Aug 2024 | ပညာရေး,ပြည်တွင်း