မြန်မာဘိန်းဘုရင်တစ်ဦးထံ ထိုင်းနိုင်ငံက လျှပ်စစ်ဓါတ်အားရောင်းချမှုတွေမှာ အကျင့်ပျက်လာဘ်စားမှုတွေရှိခဲ့ဟု ရှေ့သို့ချီပါတီ ဝေဖန်
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁၃
ထိုင်းနိုင်ငံက မြန်မာနိုင်ငံရှိ ဘိန်းဘုရင်တစ်ဦးထံ လျှပ်စစ်ဓါတ်အားများ ရောင်းချခဲ့တာမျိုးတွေရှိခဲ့တယ်လို့ ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ထိုင်းအစိုးရစနစ်အတွင်းအကျင့်ပျက်လာဘ်စားမှုတွေရှိခဲ့ကြောင်း ရှေ့သို့ချီပါတီ Move Forward ပါတီပြောရေးဆိုခွင့်ရှိသူ Rangsiman Rome က ဝေဖန်ပြစ်တင်ခဲ့တာဖြစ်ပါတယ်။
မြန်မာဘိန်းဘုရင်တစ်ဦးထံ ထိုင်းနိုင်ငံက လျှပ်စစ်ဓါတ်အားများရောင်းချပေးတဲ့စာချုပ်မှာ ထိုင်းရဲတပ်ဖွဲ့အကြီးအကဲဟောင်းနှစ်ဦး နဲ့ ထိုင်းရဲ့လေကြောင်းအဖွဲ့တို့ ပါဝင်ခဲ့ကြောင်း ၎င်းကပြောပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိ ထိုင်းနိုင် ငံရေးသမားက အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်အသစ် ဆာရက်သာတာဗီဆင်ဟာ ဝန်ကြီးချုပ်ဟောင်းပရာယွတ်ချန်အိုချာကို တရားစွဲဆိုခြင်း ရှိ၊ မရှိဆိုတဲ့အချက်ကိုလည်း မေးခွန်းထုတ်ခဲ့ကြောင်းသိရပါတယ်။ ၎င်းက ထိုင်း အစိုးရစနစ်အတွင်းမှာ အကျင့်ပျက်လာဘ်စားမှုတွေ အများအပြားရှိနေခဲ့ကြောင်း၊ စစ်ဆေးရေးဂိတ်များမှာငွေညစ်တာမျိုးကဲ့သို့သော အကျင့်ပျက်လာဘ်စားမှုတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေကို အကာအကွယ်ပေးဖို့ ငွေကြေးတောင်း ခံတာမျိုးတွေ စတဲ့အဖြစ်အပျက်များ ထိုင်းရဲတပ်ဖွဲ့အတွင်းမှာရှိနေကြောင်း ပြောပါတယ်။
ထိုင်းအစိုးရရဲ့လက်ရှိစနစ်ဟာ ရာထူးအာဏာကို ငွေကြေးနဲ့ ဝယ်ယူခြင်း ဒါမှမဟုတ် လာဘ်ငွေပေးကာရယူခြင်းများရှိနေရာ ရာထူးနိမ့်အရာရှိများအတွက် မမျှတသလိုမျိုးဖြစ်နေကြောင်း ၎င်းကထပ်မံပြောဆိုခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ်အသစ်အနေနဲ့ အကျင့်ပျက်လာဘ်စားမှုတွေနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကို တရားဆိုခြင်းရှိ၊ မရှိဆိုတဲ့အချက်နဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့အတွင်း ပါဝင်နေတဲ့ ထိုင်းစစ်တပ် နဲ့ ဆက်နွယ်နေတဲ့ပါတီတွေရဲ့စိတ်ဆိုးဒေါသဖြစ်ခြင်းကို စိုးရိမ်ကြောက်ရွံ့မှုရှိ၊ မရှိဆိုတာကို မေးခွန်းထုတ်စရာဖြစ်နေကြောင်း ရှေ့သို့ချီပါတီ ပြောရေးဆိုခွင့်ရှိသူ Rangsiman Rome ကပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောင်းသားများအား နေအိမ်သို့ပြန်ပို့စဥ် တောင်ကျရေများကျဆင်းမှုကြောင့် ဆရာမတစ်ဦး ရေစီးဖြင့်မျောပါသေဆုံးမှု ရေနံချောင်းမြို့နယ်တွင်ဖြစ်ပွား
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ