KTV တစ်ခုတွင် ဖိအားပေး စေခိုင်းခံနေရသော မြန်မာအမျိုးသမီးလေးဦးကို ကယ်တင်ပြီး မြန်မာအမျိုးသားသုံးဦးကို ဖမ်းဆီးနိုင်ခဲ့ဟု မလေးရှားရဲတပ်ဖွဲ့ပြော
Pika (NSS) - စက်တင်ဘာ ၁၂
မလေးရှားနိုင်ငံ Bandar Puchong မြို့ရှိ KTV တစ်ခုတွင် အလုပ်လုပ်ကိုင်ရန် အတင်းအကြပ်စေခိုင်းခံခဲ့ရသော မြန်မာနိုင်ငံသားအမျိုးသမီးလေးဦးကို စက်တင်ဘာလ(၁၁)ရက်က ကယ်ဆယ်နိုင်ခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
Bukit Aman CID ၏ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့နှင့် ရွှေ့ပြောင်းနေထိုင်သူများတရားမဝင် ဝင်ရောက်လာမှု တိုက်ဖျက်ရေးအဖွဲ့တို့သည် ရရှိထားသော သတင်းအချက်အလက်များအရ စက်တင်ဘာ(၁၁)ရက် နံနက်(၁ဝ)နာရီ (၄ဝ)မိနစ်တွင် အဆိုပါ KTV ကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အသက်(၁၅)နှစ်ကြားမှ (၃၁)နှစ်ကြားရှိသော အမျိုးသမီးများသည် ပြီးခဲ့သည့်(၅)ရက်ခန့်တည်းက နိုင်ငံခြား ဖောက်သည်များကို ဖျော်ဖြေရန်အတွက် အလုပ်လုပ်ကိုင်နေခဲ့ရခြင်းဖြစ်ကြောင်း Bukit Aman D3 Atipsom လက်ထောက်ဒါရိုက်တာ Fadil Marsus က ပြောကြားခဲ့သည်။
၎င်းက "ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားအမျိုးသား သုံးဦးအနက်တစ်ဦးက အဓိကတရားခံတစ်ဦးဖြစ်ပါတယ်။ အဲဒီအမျိုးသမီးတွေဟာ တစ်လကို လစာအဖြစ် ရင်းဂစ်(၁၅ဝဝ)နဲ့ ဝိတ်တာအဖြစ် အလုပ်လုပ်ကိုင်ရမယ်ဆိုပြီး ခေါ်ခံရသူတွေဖြစ်ပါတယ်။ပြီးတော့ အဓိကတရားခံ မြန်မာနိုင်ငံသားအမျိုးသားက အဲဒီအမျိုးသမီးလေးဦးကို KTV မှာ အလုပ်လုပ်ကိုင်ဖို့ ဖိအားပေးခဲ့တာပါ" ဟု ပြောခဲ့သည်။
ထို့အပြင် အစောပိုင်းစုံစမ်းစစ်ဆေးမှုများအရ အသက်(၂၆)နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးသည် ဖမ်းဆီးခံထား ရသော သံသယရှိသူမြန်မာနိုင်ငံသားသုံးဦးအနက်မှ တစ်ဦး၏ အဓမ္မပြုကျင့်မှုကိုခံခဲ့ရကြောင်း Fadil Marsus က ပြောကြားခဲ့သည်။
၎င်း က "ကျွန်တော်တို့တွေဟာ အတင်းအကြပ်ဖိအားပေးစေခိုင်းခံနေရတဲ့ မြန်မာအမျိုးသမီးလေးဦး ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ အဲဒီမြန်မာနိုင်ငံသား အမျိုးသားသုံးဦးကိုတော့ မလေးရှားနိုင်ငံ ရာဇဝတ်မှုဆိုင်ရာ ပုဒ်မ (၁၂)၊ ပုဒ်မ(၁၄)တို့နဲ့ ဖမ်းဆီးထိန်းသိမ်းထားပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းနိုင်ငံကို လာမည့် ၁ဝ နှစ်အထိ ထောက်ပံ့ပေးရန် အဆင်သင့်ရှိနေဟု ဂျာမနီစစ်ဘက်ပြော
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း