မြွေရေခွံအိတ်များဖြင့်ထည့်၍ ကားပေါ်တွင်သယ်ဆောင်လာသော ငွေကျပ်သိန်း(၉၀၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ အင်းစိန်၌ဖမ်းဆီးရမိ
Pearl (NSS) - စက်တင်ဘာ ၁၂
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် မြွေရေခွံအိတ်များဖြင့်ထည့်၍ ကားပေါ်တွင်သယ်ဆောင်လာသော ငွေကျပ်သိန်း (၉၀၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက NSS ကို ပြောသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် သြဂုတ်လ (၂၂)ရက်၊ နံနက်(၆)နာရီခွဲ အချိန်ခန့်တွင် အင်းစိန်မြို့နယ် ၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ ပြည်လမ်း၊ မြဝတီဓါတ်ဆီဆိုင်အနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါဆီဆိုင်အနီးရှိ မော်တော်ယာဉ်တစ်စီးအား မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ စစ်ဆေးခဲ့ရာ ယာဉ်ပေါ်၌ တာမွေမြို့နယ်တွင်နေထိုင်သော ချစ်ဝင်းကိုကို နှင့် စိုးလွင်တို့(၂)ဦးအား စိတ်ကြွရူးသွပ်ဆေးပြား(၉)သိန်းပါရှိသော မြွေရေခွံအိတ်(၅)ထုပ် (ဒေသကာလတန်ဖိုး ကျပ်သိန်း ၉၀၀၀)တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ချစ်ဝင်းကိုကို(ခ)နေဇာ (၂၁)နှစ် နှင့် စိုးလွင်(ခ)နူရွတ်(၂၆)နှစ်တို့ (၂)ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
HIMARS ဒုံးကျည်စနစ်(၅ဝဝ)နီးပါးကို ပူးပေါင်းထုတ်လုပ်ရန် ပိုလန်အစိုးရ နှင့် အမေရိကန်လက်နက်ကုမ္ပဏီတို့ သဘောတူညီမှုရ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ