အွန်လိုင်းကိုအသုံးပြုကာ လိမ်လည်မှုများတွင် ပါဝင်ပတ်သက်သည့် လူ(၁၇၉)ဦးကို လာအိုနိုင်ငံမှ တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့
Pika (NSS) - စက်တင်ဘာ ၁၂
လာအိုနိုင်ငံတွင် စက်တင်ဘာလ(၁၁)ရက်အထိ အွန်လိုင်းကိုအသုံးပြုကာ လိမ်လည်နေသည့်ဂိုဏ်းများကို ဝင်ရောက်စီးနင်းမှုအတွင်း ဖမ်းဆီးရမိခဲ့သော သံသယရှိသူ(၁၇၉)ဦးကို တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းယူခဲ့ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လများအတွင်း တရုတ် နှင့် လာအိုရဲတပ်ဖွဲ့တို့၏ အွန်လိုင်းကို အသုံးပြုကာလိမ်လည်နေသည့် ဂိုဏ်းများ ကို ပူးပေါင်းဖြိုခွင်းမှုအတွင်း အွန်လိုင်းကိုအသုံးပြုကာ လိမ်လည်နေသည့် အမှုပေါင်း(၂၇ဝ) နီးပါးနှင့် ပတ်သက်နေ သည့် သံသယရှိသူများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ခဲ့သည်။
လာအို ရဲတပ်ဖွဲ့နှင်ပူးပေါင်းကာ အွန်လိုင်းကိုအသုံးပြုကာ လိမ်လည်နေသည့်ဂိုဏ်များကို ဖြိုခွင်းရန်အတွက် တရုတ် အစိုးရသည် ပြီးခဲ့သည့်ဇူလိုင်လတွင် ကျွမ်းကျင်သောအဖွဲ့တစ်ဖွဲ့ကို လာအိုနိုင်ငံသို့ စေလွှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါအဖွဲ့သည် လာအိုရဲတပ်ဖွဲ့နှင့်အတူ ဝင်ရောက်စီးနင်မှု(၁ဝ)ကြိမ် လုပ်ဆောင်ခဲ့ပြီး အွန်လိုင်းကိုအသုံးပြုကာ လိမ်လည်နေသည့် ဂိုဏ်းပေါင်း(၁ဝ)ခုကို ဖြိုခွင်းနိုင်ခဲ့ကာ ဂိုဏ်းခေါင်းဆောင်(၉)ဦး အပါအဝင် သံသယရှိသူ အများအပြားကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ဒေသအတွင်းတွင် အွန်လိုင်းကို အသုံးပြုကာ လိမ်လည်နေသည့်ရာဇဝတ်ဂိုဏ်းများကို ဖြိုခွင်းခြင်းအား ပိုမိုလုပ်ဆောင်နိုင်ရန်အတွက် သက်ဆိုင်ရာနိုင်ငံများ နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာနက ကတိပြုပြောခဲ့သည်။
တရုတ်နိုင်ငံသည် အွန်လိုင်းအသုံးပြုကာ လိမ်လည်နေသော ဂိုဏ်းများ နှင့် လူကုန်ကူးမှုကျူးလွန်နေသူများကို ဖြိုခွင်းရန်အတွက် မဲခေါင်ဒေသအတွင်းရှိ နိုင်ငံများ နှင့် ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်ခဲ့ပြီးနောက် သံသယရှိသူများကို ဆက်တိုက်ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး မနက်ဖြန် စတင်မည်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ