မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး မနက်ဖြန် စတင်မည်
မြူနစ် (NSS) - စက်တင်ဘာ ၁၂
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးကို မနက်ဖြန် (စက် တင်ဘာလ ၁၃ ရက်)တွင် နေပြည်တော်၌ စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မနက်ဖြန်တွင် ကျင်းပမည့် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးသည် အကြိမ်(၂၀)မြောက်အစည်းအဝေးဖြစ်ပြီး ဥက္ကဋ္ဌအဖြစ် ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးထွန်းအောင်က တာဝန်ယူထားကြောင်း သိရသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သော မလေးရှား၊ အင်ဒိုနီးရှား နှင့် စင်္ကာပူနိုင်ငံတို့သည် လေတပ်ဦးစီးချုပ်များအစည်း အဝေးကို မြန်မာနိုင်ငံသို့ လာရောက်ကာ တက်ရောက်မည်မဟုတ်ကြောင်း သိရသည်။
“သူတို့က video စနစ်နဲ့ တက်မယ်လို့ သိရတယ် မလေးရယ်၊ စင်္ကာပူရယ်၊ အင်ဒိုနီးရှားရယ်။ ကျန်တဲ့နိုင်ငံတွေကတော့ နေပြည်တော်ကို ရောက်နေကြပြီ။ အခုညမှာ ဗီယက်နမ်နိုင်ငံက လာမယ်။ အဲဒါပြီးရင်တော့ အကုန်စုံပါပြီ။ အစည်းအဝေးက မနက်ဖြန်စမှာ” ဟု တပ်မတော်(လေ)နှင့်နီးစပ်သော အရာရှိတစ်ဦးက NSS ကိုပြောသည်။
ဗီယက်နမ်နိုင်ငံသည် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးသို့ တက်ရောက်ရန်အတွက် ယနေ့ညပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံအပါအဝင် ကျန်ရှိသောအာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ၎င်းအစည်းအဝေးသို့တက်ရောက်ရန်အတွက် နေပြည်တော်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကျင်းပမည့် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးကို မလေးရှား၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံတို့က လူကိုယ်တိုင်တက်ရောက်ဖွယ်မရှိကြောင်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း နိုင်ငံတကာမီဒီယာများ၌ ဖော်ပြခဲ့ကြသည်။
အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးသည် အဖွဲ့ဝင်နိုင်ငံများအကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကဏ္ဍ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးကဏ္ဍနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာကိစ္စရပ်များတွင် ဆွေးနွေးနိုင်ရန်အတွက် နှစ်စဉ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြွေရေခွံအိတ်များဖြင့်ထည့်၍ ကားပေါ်တွင်သယ်ဆောင်လာသော ငွေကျပ်သိန်း(၉၀၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ အင်းစိန်၌ဖမ်းဆီးရမိ
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း