ငါန်းဇွန်မြို့နယ်၌ ရက်ပိုင်းအတွင်း သေနတ်၊ ဓားတို့ဖြင့် ပစ်ခတ်ထိုးခုတ်သတ်ဖြတ်ခံရမှုကြောင့် အရပ်သား(၁၅)ဦးထက်မနည်း သေဆုံးခဲ့ရ
NSS - စက်တင်ဘာ ၁၁
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် ငါန်းဇွန်မြို့နယ်၌ ရက်ပိုင်းအတွင်း သေနတ်၊ ဓားတို့ဖြင့် ပစ်ခတ်ထိုးခုတ်သတ် ဖြတ်ခံရမှုကြောင့် အရပ်သား(၁၅)ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းအချက်အလက်များအရသိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်၊ ညနေ ၄ နာရီခွဲအချိန်တွင် ငါန်းဇွန်မြို့နယ်၊ နတ်ကြီးကျေးရွာရှိ “ပွင့်ကမ္ဘာ” လက် ဖက်ရည်ဆိုင်တွင် မိသားစုဝင်(၄)ဦး အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရမှုဖြစ်ပွားခဲ့သည်။
အဆိုပါလက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးမြင့်ခိုင်သည် မိသားစုနှင့်အတူ ဆိုင်၌ရှိနေစဉ် PDF အဖွဲ့ဝင်(၅)ဦးက ရောက်ရှိလာပြီး ဓားများဖြင့် အကြောင်းမဲ့ ဝိုင်းဝန်းထိုးခုတ်သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ထိုသို့ ဓားများဖြင့် ထိုးခုတ်သတ်ဖြတ်ခံရမှုကြောင့် ဦးမြင့်ခိုင်(၄၅)နှစ်၊ ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ဌေး (၄၄)နှစ်၊ သမီးဖြစ်သူ မမြတ်ဆုမွန် (၁၄)နှစ်တို့၏ မျက်နှာ၊ လည်ပင်း နှင့် ရင်ဘက်တို့တွင် ထိုးသွင်းပြတ်ရှဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် သမီးဖြစ်သူတစ်ဦးဖြစ်သည့် မအိအိငြိမ်း(၁၇)နှစ်တွင်လည်း လည်ပင်းနှင့် ဝမ်းဗိုက်တို့တွင် ထိုးသွင်း ဒဏ်ရာ (၄)ချက်ရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနိုင်ရန် ငါန်းမြာတိုက်နယ်ဆေးရုံသို့ ပိုဆောင်ပေးခဲ့ရကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
အလားတူ ယမန်နေ့ (စက်တင်ဘာလ ၁၀ ရက်)တွင်လည်း ငါန်းဇွန်မြို့နယ်၊ သားကျင်းကျေးရွာအနီး၌ အမျိုးသား(၂) ဦးနှင့် အမျိုးသမီး(၂)ဦး စုစုပေါင်း(၄)ဦးသည်လည်း သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း သိရသည်။
ထို့ပြင် ငါန်းဇွန်မြို့နယ်အတွင်း၌ ပြီးခဲ့သော ရက်ပိုင်းအတွင်း အရပ်သားအချို့ အကြမ်းဖက်သတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်းသိရသည်။
ထို့ကြောင့် ငါန်းဇွန်မြို့နယ်၌ ယခုလ စက်တင်ဘာလ ၁ရက်မှ ၁၀ရက်အထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသော အရပ် သားဦးရေသည် (၁၅)ဦးထက်မနည်းရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ(၄)ဦးထိရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံကို လက်အောက်ခံကိုလိုနီနိုင်ငံအဖြစ် သိမ်းပိုက်ခဲ့တဲ့ ဗြိတိသျှကို နစက ဝန်ကြီးဝေဖန်ပြစ်တင်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ