Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာနိုင်ငံကို လက်အောက်ခံကိုလိုနီနိုင်ငံအဖြစ် သိမ်းပိုက်ခဲ့တဲ့ ဗြိတိသျှကို နစက ဝန်ကြီးဝေဖန်ပြစ်တင်

ဂျန်ဇက် (NSS) - စက်တင်ဘာ ၁၁ 

ဗြိတိသျှအင်ပါယာတွေဟာ မြန်မာနိုင်ငံကိုလက်အောက်ခံကိုလိုနီနိုင်ငံအဖြစ် အုပ်ချုပ်ချိန်ကာလအတွင်း ကျွန်းနဲ့ တွင်းထွက်သတ္တုပစ္စည်းများ အပါအဝင် သယံဇာတအမြောက်အမြား ရယူခဲ့တဲ့အပြင် ခေါင်းပုံဖြတ်မှုတွေလည်း ရှိခဲ့ကြောင်း၊ အဲဒီလိုမျိုးလုပ်ဆောင်မှုများကြောင့် မြန်မာဒေသခံများကို ပျက်စီးမှုတွေ၊ မမျှတမှုတွေဖြစ်စေခဲ့ကြောင်း စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ 

ဝန်ကြီးဒေါက်တာချာလီသန်းက "ကိုလိုနီနယ်ချဲ့သမားတွေဟာ  ဗြိတိသျှအင်ပါယာမှာတာဝန်ထမ်းဆောင်မယ့် အစေခံအရာရှိတွေကို မွေးထုတ်နိုင်ဖို့ ကိုလိုနီပညာရေးစနစ်ကိုဖန်တီးလုပ်ဆောင်ခဲ့တယ်။ ဗြိတိသျှတွေဟာ မြန်မာနိုင်ငံကို အုပ်ချုပ်ချိန်ကာလအတွင်းမှာ နည်းပညာပိုင်းဆိုင်ရာပညာရပ်များ၊ သက်မွေးဝမ်းကြောင်းဆိုင်ရာပညာရပ်များကို သင်ကြားလုပ်ဆောင်ပေးတာမျိုး မရှိခဲ့ဘူး။ ဗြိတိသျှကိုလိုနီအစိုးရဟာ မြန်မာနိုင်ငံရဲ့ပညာရေးစနစ်မှာ အဲဒီလိုမျိုး လုပ်ဆောင်ခဲ့လို့ မြန်မာနိုင်ငံဟာ ကမ္ဘာ့စီးပွားရေးမှာ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ကျွမ်းကျင်လုပ်သားအင်အား မရှိဘဲ ဖြစ်ခဲ့ရတယ်" လို့ ပြောပါတယ်။


ဒါ့အပြင် ၎င်းက "ဗြိတိသျှကိုလိုနီတွေဟာ မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့ပြီးနောက် မြန်မာဒေသခံတွေကို ဗြိတိသျှတွေရဲ့ဘာသာစကား၊ ဓလေ့ထုံးတမ်းများနဲ့ တန်ဖိုးများကို ချမှတ်ခဲ့တယ်။ မြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှု နဲ့ အလေ့အထများကို သိသိသာသာယိုယွင်းပျက်စီးစေခဲ့ရတယ်။ ဗြိတိန်အစိုးရဟာ ဗဟိုချုပ်ကိုင်တဲ့ အုပ်ချုပ်ရေးစနစ်ကို ထူထောင်ပြီး  နိုင်ငံရေးအခင်းအကျင်း အပြောင်းအလဲဖြစ်အောင်လုပ်ဆောင်ခဲ့ပြီး လူမျိုးရေးနဲ့ နိုင်ငံရေး ပဋိပက္ခတွေဖြစ်လာစေဖို့  မျိုးစေ့ကြဲချခဲ့တယ်" လို့ ပြောပါတယ်။ 

ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် စက်တင်ဘာ ၁ဝ ရက်ကနေ ၁၃ ရက်အထိ လက်ခံကျင်းပနေတဲ့အရှေ့ဖျားစီးပွားရေးဖိုရမ်ကို ဒုတိယဝန်ကြီးချုပ်၊တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဦးဆောင်တက်ရောက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊  ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့ လိုက်ပါသွားခဲ့တယ်လို့ သိရပါတယ်။

ဗြိတိသျှအင်ပါယာကို လက်ရှိအချိန်မှာ ဂရိတ်ဗြိတိန်လို့ ပြောင်းလဲသတ်မှတ်ထားပြီး အင်္ဂလန်၊ စကော့တလန်၊ ဝေးလ်၊ မြောက်အိုင်ယာလန်နိုင်ငံတို့ ပူးပေါင်း ပါဝင်နေကြောင်း သိရပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တပ်ချုပ်နှင့် ပြည်သူ့စစ်ခေါင်းဆောင်များ တွေ့ဆုံခဲ့ပြီး ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် နိုင်ငံတော်လုံခြုံရေး၏ အင်အားစုတစ်ရပ်ဟု မှတ်ချက်ပြု

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved