Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တပ်ချုပ်နှင့် ပြည်သူ့စစ်ခေါင်းဆောင်များ တွေ့ဆုံခဲ့ပြီး ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် နိုင်ငံတော်လုံခြုံရေး၏ အင်အားစုတစ်ရပ်ဟု မှတ်ချက်ပြု

မျိုးကြီး (NSS) - စက်တင်ဘာ ၁၁

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ပြည်သူ့စစ်ခေါင်းဆောင်များတွေ့ဆုံခဲ့ပြီး ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် နိုင်ငံတော်ကို လုံခြုံရေးအရ အင်အားဖြည့်ပေးနေသည့် အင်အားစုတစ်ရပ်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။


တပ်ချုပ် နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ပြည်သူ့စစ်ခေါင်းဆောင်များသည် ယမန်နေ့(စက်တင်ဘာလ ၁၀ ရက်) တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ရွှေလီရတနာခန်းမ၌ တွေ့ဆုံခဲ့ကြသည်။

ပြည်သူ့စစ်ဌာနနေတပ်ဖွဲ့ဝင်များသည် မိမိတို့၏ သဘောဆန္ဒအလျောက် နယ်မြေတည်ငြိမ်အေးချမ်းမှုရှိစေရေး ဆောင်ရွက်နေသည့်အဖွဲ့များဖြစ်သည့်အတွက် လေးစားအသိအမှတ်ပြုကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ထို့ပြင် ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များသည် နိုင်ငံတော်ကို လုံခြုံရေးအရ အင်အားဖြည့်ပေးနေသည့် အင်အားစုတစ် ရပ်ပင်ဖြစ်ပြီး နိုင်ငံချစ်စိတ်ဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရန် တာဝန်ထမ်းဆောင်နေကြသူများဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။

ဆက်လက်ပြီး တပ်ချုပ်က ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေဒေသအလိုက် တည်ငြိမ်းချမ်းရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်လာနိုင်ရေး တိုက်တွန်းဆောင်ရွက်ပေးရန်လည်း ပြောကြားခဲ့သည်။

နယ်မြေအလိုက် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေးအတွက် ဝိုင်းဝန်ဆောင်ရွက်ပေးစေလိုပြီး တည်ငြိမ်အေးချမ်းမှုရှိမှသာ ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးအတွက် မဲစာရင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက ပြောသည်။

အလားတူ ပြည်သူ့စစ်ခေါင်းဆောင်များကလည်း ၎င်းတို့၏ ဒေသတွင်း၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့် အချို့ဒေသခံများအနေဖြင့် ဒေသစွန့်ခွာတိမ်းရှောင်နေရမှုအခြေအနေများကို တပ်ချုပ်ထံ တင်ပြခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နမ့်ခမ်းမြို့မ ပြည်သူ့စစ်ခေါင်းဆောင် ဦးအိုက်ဆမ်၊ ပန်ဆေး ပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်မြင့်၊ မန်ပန် ပြည်သူ့စစ်ခေါင်းဆောင် ဦးစိုင်းမွန်း၊ စိန်ကြော့ ပြည်သူ့စစ်ခေါင်းဆောင် ဦးလွယ်မောင်၊ မုံးစီး ပြည်သူ့စစ်ခေါင်းဆောင် ဦးစိုင်းမွန်းနှင့် ထင်ပါကျိုင်း ပြည်သူ့စစ်ခေါင်းဆောင် ဦးခင်မောင်လွင်တို့နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်း သေကြောင်း ကြံစည်သတ်သေသူ ၅ဝဝဝ နီးပါးရှိခဲ့ပြီး နောက်ဆုံး ငါးနှစ်အတွင်း အမြင့်ဆုံးဖြစ်နေ

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved