ရန်ကုန်မြို့ရှိ မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံ၌ မီးလောင်မှုဖြစ်ပွား
သန့်ဇင်(NSS) - စက်တင်ဘာ ၉
ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်ရှိ မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံတွင် ဆေးရုံအထိုင်ထရန်စဖော်မာဝါယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း လင်းလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာလ ၉ရက်)၊ မွန်းလွဲ ၁နာရီ ၃၅မိနစ်အချိန်အတွင် ကျောက်တံတားမြို့ နယ်၊ (၂)ရပ်ကွက်၊ မဟာဗန္ဓုလပန်းခြံလမ်း၊ အမှတ်(၁၉၆/၂၀၀)ရှိ မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် လူထိခိုက်မှုနှင့် ပျက်ဆီးဆုံးရှုံးမှုမရှိခဲ့သော်လည်း မီးလောင်မှုဖြစ်ပွားခဲ့ရာဆေးရုံရှိ လူနာ(၃၀)ခန့်ကို ဘေးလွတ်ရာသို့ လွှဲပြောင်းကူညီပို့ဆောင်ထားရကြောင်း သိရသည်။
“လူထိခိုက်မှုတော့မရှိဘူး။ ဆေးရုံမှာက မွေးလူနာရှိတယ်။ မျက်စိလူနာတွေရှိတယ်။ ခုမွေးလက်စလူနာတွေကိုတော့ ကျွန်မတို့အသင်း ကားနဲ့ ဗဟိုအမျိုးသမီးဆေးရုံကိုပို့ဆောင်ထားပါတယ်”ဟု လင်းလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
မီးလောင်မှုအား ကျောက်တံတားမြို့နယ်မီးသတ်စခန်းနှင့် အခြားအသင်းအဖွဲ့များက မိနစ်(၂၀)ခန့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကာတာကလပ် Al-Duhail အသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့တဲ့ အက်စတွန်ဗီလာကွင်းလယ်လူကော်တင်ဟို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ