အသက်(၆၀)ကျော်အမျိုးသမီးနှင့်လေဖြတ်နေသူတို့သာ နေထိုင်သည့်နေအိမ်ကို အုပ်စုဖွဲ့ဓားပြဝင်တိုက်မှု ရန်ကုန်မြို့၌ဖြစ်ပွား
NSS - စက်တင်ဘာ ၉
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် အသက်(၆၇)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် လေဖြတ်နေသူအမျိုးသားတစ်ဦးတို့ရှိနေစဉ် လူ(၆)ဦးက နေအိမ်အတွင်းဝင်ရောက်ကာ ဓားပြတိုက်လုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၉ရက်)၊ နံနက် ၉နာရီအချိန်တွင် ရွှေပြည်သာမြို့နယ်၊ (၉)ရပ်ကွက်၊ မြမာလာ(၃) လမ်း၊ အမှတ်(၇၃/ခ) နေအိမ်တစ်လုံးတွင် ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
အဆိုပါနေအိမ်ခြံရှေ့သို့ Mask များတပ်ထားသည့် အမျိုးသား(၆)ဦးမှ ရောက်ရှိလာပြီး အော်ခေါ်သဖြင့် ဒေါ်သန်းသန်းမြင့်(၆၇)နှစ်မှထွက်ကြည့်စဉ် အမျိုးသားတစ်ဦးက ၎င်း၏နောက်ကျောအား သေနတ်ဖြင့်ထောက်ကာ ကျန်(၅)ဦးမှ နေအိမ်ပေါ်သို့ တက်ရောက်လုယက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဖြစ်စဉ်ဖြစ်တာက ဟုတ်တယ်။ ဓားပြသမားတွေအသုံးပြုသွားတဲ့သေနတ်က ခုလောလောဆယ်တော့ ကော်သေနတ်လို့ယူဆရတယ်။ သက်ဆိုင်ရာကတော့ စုံစမ်းဖော်ထုတ်နေတယ်။ မကြာခင်မိမှာပါ”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက ပြောသည်။
ထိုသို့ ဓားပြတိုက်လုယက်ခံရမှုကြောင့် စိန်နှင့်ရွှေထည်များပါသွားပြီး စုစုပေါင်း ငွေကျပ်သိန်း(၂၀၀)ခန့် လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
အထက်ပါဓားပြတိုက်လုယက်မှုတွင် ပါဝင်ပတ်သက်သူများအား သက်ဆိုင်ရာမှစုံစမ်းရှာဖွေမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၀၂၆ ခုနှစ် မြန်မာနိုင်ငံ၏ အာဆီယံဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်နိုင်ငံအား သဘောထားမေးမြန်းညှိနှိုင်းကာ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ဟု နစကဖြေရှင်း
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ