Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကွန်ဂရက်လွှတ်တော်အား မထီမဲ့မြင်ပြုကြောင်း ဒေါ်နယ်ထရမ့်၏ အကြံပေးဟောင်းအပေါ် ဆုံးဖြတ်

Htay Oung (NSS) - စက်တင်ဘာ ၉

သမ္မတဒေါ်နယ်ထရမ့်လက်ထက် အိမ်ဖြူတော် အကြံပေးဟောင်း ပီတာနာဗာရိုဟာ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းရန် ကြံစည်မှုနဲ့ပတ်သက်တဲ့ လွှတ်တော်ဆင့်ခေါ်စာကို လိုက်နာရန် ပျက်ကွက်တဲ့အတွက် ကွန်ဂရက် လွှတ်တော်က ရာဇ၀တ်ကြောင်းအရ ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ ကယ်လီဖိုးနီးယားအခြေစိုက် NBC News (7 September 2023) က ရေးသားပါတယ်။ 


ဝါရှင်တန် ဗဟိုတရားရုံးမှာ ခုံသမာဓိဂျူရီအဖွဲ့နဲ့ လေးနာရီခန့်ကြာ ကြားနာစစ်ဆေးခဲ့ပြီးနောက် ဇန်နဝါရီလ ၆ ရက် (အရေးအခင်းဆိုင်ရာ) ကော်မတီရှေ့မှောက်မှာ (လာရောက်) ထွက်ဆိုရန် ငြင်းဆိုခြင်းအတွက် စွဲချက်နှစ်ခုမှာ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

စွဲချက်တစ်ခုချင်းစီအတွက် အနည်းဆုံးရက်ပေါင်း ၃၀ မှ အများဆုံးထောင်ဒဏ်တစ်နှစ်အထိ ချမှတ်နိုင်တဲ့အပြင် အမြင့်ဆုံး ဒဏ်ငွေ ဒေါ်လာ ၁၀၀,၀၀၀ အထိလည်း ပေးဆောင်ရဖွယ်ရှိပါတယ်။ လာမယ့် ဇန်နဝါရီလ ၁၂ ရက်မှာ ဖက်ဒရယ် ခရိုင်တရားသူကြီးက အပြီးသတ် အမိန့်ချမှတ်ပါလိမ့်မယ်။

အပြစ်ရှိကြောင်း စီရင်ချက်ချမှတ်ခံရတာကြောင့်မဟုတ်ပဲ အမေရိကားပြည်သူတွေနဲ့ ရိုးသားပြီး ဆီလျော်စွာ စကား ပြောဆိုနိုင်ခြင်းမရှိတာကြောင့် အမေဖက်ဒရယ်နိုင်ငံအတွက် ၀မ်းနည်းမိကြောင်း၊ တိုင်းပြည်အတွင်း သဘောထားကွဲလွဲမှုတွေနဲ့ မာ့က်စ်ဝါဒီ လက်ဝဲသမားတွေ ခေါင်းထောင်လာကြကြောင်း၊ ဘယ်လို စီရင်မယ်ဆိုတာ သိနှင့်ပြီးဖြစ်တဲ့အတွက် အယူခံ၀င်ဖို့ ပြင်ဆင်ထားတယ်လို့ နာဗာရိုက ပြောပါတယ်။

စီရင်ချက်ဖတ်ကြားပြီးလျှင်ပြီးချင်း ဆုံးဖြတ်မှုလွဲမှားနေကြောင်း နာဗာရိုရဲ့ ရှေ့နေများက မှတ်ချက်ပေးပါတယ်။ ဇန်နဝါရီလ ၆ ရက်ကိစ္စအပေါ် (လူထုက ဘယ်လိုသဘောထားတယ်ဆိုတာ) တရားသူကြီး အနေနဲ့ ခုံရုံးအပြင်ဘက်ကို ခဏလေးထွက်ပြီး ကန့်ကွက်ဆန္ဒပြသူတွေနဲ့ တွေ့ဆုံကြားနာသင့်ကြောင်း ပြောပါတယ်။

တရားသူကြီးကတော့ စွပ်စွဲခံရသူရှေ့နေရဲ့ စိုးရိမ်မှုများအပေါ်အခြေခံပြီး အဆိုပြုချက်တစ်ရပ် တင်သွင်းဖို့ နဲ့ နောက်ပိုင်း(အပြီးသတ် အမိန့်ချမှတ်တဲ့အခါ) ထည့်သွင်းစဉ်းစားမယ်လို့ ပြောပါတယ်။ 

ကြာသပတေးနေ့နံနက် အပြီးသတ် အချေအကြောင်းပြချက် တင်သွင်းရာမှာ စွပ်စွဲခံရသူအနေနဲ့ ကွန်ဂရက်လွှတ်တော်အပေါ် ရာဇ၀တ်မှုမြောက်တဲ့ မထီမဲ့မြင်ပြုခဲ့ကြောင်း အစိုးရ ဆွဲချရှေ့နေများက သက်သေပြရန် ပျက်ကွက်နေတယ်လို့ နာဗာရိုရဲ့ ရှေ့နေက ထောက်ပြခဲ့ပါတယ်။ 

အစိုးရရှေ့နေတို့အနေနနဲ့ သူတို့ရဲ့ သံသယရှိမှုဟာ ဘယ်အတွက် ကျိုးကြောင်းဆီလျော်ပုံကို သက်သေပြဖို့ လိုအပ်ကြောင်း၊ နာဗာရို ဘယ်မှာ ရှိနေတယ်ဆိုတာ တရားသူကြီးထံတင်ပြဖို့ အစိုးရရှေ့နေများက ပျက်ကွက်ခဲ့ကြောင်း ဆင့်ခေါ်စာကို လိုက်နာရန် ပျက်ကွက်ခြင်းဟာ ဒေါက်တာနာဗာရိုရဲ့ မတော်တဆမှု၊ အမှား သို့မဟုတ် ဂရုမစိုက်ပဲ တမင်ရည်ရွယ် ပြုလုပ်ပြုလုပ်ခြင်းဖြစ်ကြောင်း သက်သေပြဖို့ လိုအပ်တယ်လို့ ရှေ့နေက သုံးကြိမ် တိုင်တိုင် အလေးအနက် ကန့်ကွက်ခဲ့ပါတယ်။ 

အစိုးရ ရှေ့နေက ငြင်းချက်ထုတ်ရာမှာ " သူဘယ်မှာ ရှိတယ်-မရှိဘူးဆိုတာ ဘယ်သူမှ ဂရုစိုက်စရာ ကိစ္စ မဟုတ်ကြောင်း” ချေပပါတယ်။

ဟားဗတ်တက္ကသိုလ် စီးပွားရေးပါရဂူဘွဲ့ရ အသက် ၇၄ နှစ်အရွယ် ပီတာကင့်နာဗာရိုဟာ ဒေါ်နယ်ထရမ့် အစိုးရလက်ထက် (အသစ်ဖွဲ့စည်းလိုက်တဲ့) ကုန်သွယ်ရေးနဲ့ ကုန်ထုတ်လုပ်မှု မူဝါဒရေးရာ သမ္မတရဲ့လက် ထောက်ပုဂ္ဂိုလ် ဖြစ်ခဲ့ပါတယ်။ (“တရုတ်က အသေသတ်ခြင်း“ Death by China စာအုပ်ရေးသားသူအဖြစ်လည်း လူသိမျာပါတယ်။) ဂျိုးဘိုင်ဒင် အနိုင်ရရှိကြောင်း ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းပြန်လှန်ဖို့အတွက် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်မှာ အဲဒီအချိန် ဒီမိုကရက်တစ်အများစု ကွန်ဂရက်လွှတ်တော်အဆောက်အအုံကို ထရမ့်ထောက်ခံသူ ရီပတ်ဘလစ်ကင်များက ၀င်ရောက်စီးနင်းခဲ့ပါတယ်။ အခင်းဖြစ်ပွားစဉ် မူးယစ်ဆေးလွန်သူ ၁-ဦး၊ သေနတ်ထိမှန်သူ ၁-ဦး၊ ဓမ္မတာအ လျောက် ၃-ဦးအပါအ၀င် ၅-ဦးသေဆုံးပြီး၊ ကက်ပီတိုလ်အဆောက်အအုံ လုံခြုံရေးတာ၀န်ကျ ရဲတပ်ဖွဲ့၀င် ၄-ဦး တို့ဟာ ၇-လ အတွင်း မိမိကိုယ်မိမိ အဆုံးစီရင်သွားခဲ့ပါတယ်။

(ရွေးကောက်ပွဲ မဲမသမာကြောင်း လှည့်စားရာမှာ ပူးပေါင်းပါ၀င်ကြောင်း ဇန်နဝါရီ ၆-ရက်ဆိုင်ရာ အောက်လွှတ် တော်ကော်မတီက သံသယရှိတဲ့အတွက် ၂၀၂၂-ခုနှစ် ဖေဖော်ဝါရီလမှာ နာဗာရိုကို ၂-ကြိမ်တိုင်တိုင်ဆင့်ခေါ် ခဲ့ပါတယ်။ နာဗာရိုက ငြင်းပယ်တဲ့အတွက် တရားရေးဌာနထံ လွှဲပြောင်းပေးခဲ့ပြီး ၂၀၂၂-ခုနှစ် ဖွန်လမှာ တရားစွဲ ဆိုခဲ့ပါတယ်။)

ဒေါ်နယ်ထရမ့်အနေနဲ့ ဇန်နဝါရီလ ၆ ရက်ကော်မတီကို တစ်စုံတစ်ရာ ဆက်သွယ်ခြင်း သို့မဟုတ် ဆင့်ခေါ်တဲ့ ကိစ္စမှာ အချက်အလက်တစ်စုံတစ်ရာ တင်ပြခြင်း မရှိခဲ့ပေမယ့် ကက်ပီတိုဟေးလ် အဆောက်အအုံစီးနင်းခံရမှုကိစ္စအတွက် အများပြည်သူကို အသိပေးရာမှာ သမ္မတတစ်ဦးအနေနဲ့ (ငြင်းပယ်ရန်) အထူးအခွင့်အရေးရှိတယ်လို့ ထရမ့်က ပြောဖူးကြောင်း၊ အဲ့ဒါကြောင့် ကော်မတီထံ မလာရောက်ခြင်းဖြစ်ကြောင်း နာဗာရိုက ပြောပါတယ်။ 

ဒါပေမယ့် နာဗာရိုအနေနဲ့ ကော်မတီရှေ့မှောက် အရောက်လာပြီး မေးခွန်းတွေကို ဖြေဆိုဖို့ တာ၀န်ရှိတယ်လို့ အစိုးရရှေ့နေများက စောဒက တက်ခဲ့ပါတယ်။ မထီမဲ့မြင်ပြုခြင်းဆိုသည်မှာ တရားဥပဒေပြဌာန်းချက်ကို လစ်လျု့ရှု့ခြင်းဖြစ်ကြောင်း၊ ကော်မတီရှေ့မှောက် လာရောက်ပြီး စာရွက်စာတမ်းများတင်ပြရန် အမိန့်ပေးခံရခြင်း ဖြစ်ကြောင်း သိလျှက်နဲ့ တမင်ပျက်ကွက်ခြင်းဖြစ်ကြောင်း၊ သမ္မတဟောင်းအနေနဲ့ အထူးအခွင့်အရေးရှိ ကြောင်းအပေါ် အခိုင်အမာ ယုံကြည်တယ်လို့ ဆိုယုံမျှနဲ့ ကော်မတီရှေ့မှောက် လာရောက်ရမယ့်တာ၀န်ကို ပယ်ဖျက်နိုင်ခြင်း မရှိကြောင်း သူတို့ရဲ့ အပြီးသတ်လျှောက်လဲချက်မှာ ဖော်ပြခဲ့ပါတယ်။

တရားရေးဌာနဟာ ကြားနာမှုကို တက်သုတ်ရိုက် ဆောင်ရွက်ခဲ့ပါတယ်။ ဂျူရီအဖွဲ့ရွေးချယ်မှုဟာ အင်္ဂါနေ့ဖြစ်ပြီး အဖွင့်ထွက်ဆိုချက်များနဲ့ တရားရုံးသက်သေထွက်ဆိုချက်များကို ဗုဒ္ဓဟူးနေ့နှောင်းပိုင်းတွင် အပြီးသတ်လိုက်ပါတယ်။ “ဒီနေ့ဟာ အဆုံးအဖြတ်ပေးမယ့် နေ့ပါပဲ“ လို့ ကြာသပတေးနေ့နံနက် တရားရုံးကို ထွက်ခွာလာတဲ့ နာဗာရိုက သတင်းထောက်တွေကို ပြောပါတယ်။ သူဟာ ဂျိုးဘိုင်ဒင် ခါးပိုက်ဆောင်ကြီး တရားရေးဌာနရဲ့ သားကောင်သက်သက်ပါလို့ ဆိုပါတယ်။

နံနက် ၁၁ နာရီမှာ ကြားနာမှုကို စတင်ခဲ့ပါတယ်။ “ခုချိန်က စပြီး ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ လက်တွင်း ရောက်ရှိသွားပါပြီ” လို့ နာဗာရိုက ယခင် တွစ်တာ ခေါ် X လူမှုကွန်ရက်မှာ ရေးပါတယ်။ သူ့အမှုနဲ့ ပတ်သက်ပြီး ခုခံကာကွယ်ရေး တရား၀င်ရံပုံငွေ အလှူခံစဉ် “ ခါးပိုက်ဆောင် လူယုတ်မာများကို တိုက်ဖျက်ရေးအတွက်“ လို့ အဲ့ဒီနေ့ နံနက်စောစောမှာ နာဗာရိုက ပြောခဲ့ပါတယ်။

ကွန်ဂရက် လွှတ်တော်အပေါ် မထီမဲ့မြင်ပြုကြောင်း လွန်ခဲ့တဲ့နစ် နာဗာရိုအပေါ် စွဲချက်တင်ထားတာ နှစ်မှုရှိခဲ့ပါတယ်။ စာရွက်စာတမ်းများ ထုတ်ပေးရန် ပျက်ကွက်မှုနဲ့ ကော်မတီရှေ့မှောက်ထွက်ဆိုရန် ပျက်ကွက်မှုတို့ ဖြစ်ပါတယ်။ 

စွပ်စွဲခံရသူ အနေနဲ့ အမှုမှာ တင်ပြထားတဲ့ အချက်အများစုမှာ အငြင်းပွားခြင်း မရှိကြောင်း၊ ဆင့်ခေါ် စာတစ်စောင်ကို လက်ခံခဲ့ကြောင်းနဲ့ လိုအပ်သလို ထွက်ဆိုရန် ပျက်ကွက်ခြင်းလည်း မရှိ၊ မှတ်တမ်းများ ထုတ်ပေးရန် ပျက်ကွက်ခြင်းလည်း မရှိကြောင်း ဂျူရီလူကြီးများထံ နာဗာရိုရဲ့ ရှေ့နေက လျှောက်လဲခဲ့ပါတယ်။ ဒါပေမယ့် အမှုသည်အနေနဲ့ အရေးကြီးအစိတ်အပိုင်းဖြစ်တဲ့ ဆင့်ခေါ်ချက်ကို လိုက်နာရန် ဆန္ဒ မရှိခဲ့ခြင်းသာ ဖြစ်ကြောင်း စောဒကတက်ခဲ့ပါတယ်။

အစိုးရရှေ့နေများက ဇန်နဝါရီ ၆ ရက် ကော်မတီရဲ့ ဝန်ထမ်းသုံးဦးကို သက်သေပြနိုင်ခဲ့ပေမယ့် ခုခံကာကွယ်သူ နာဗာရိုဘက်မှာ သက်သေပြစရာ မရှိဖြစ်သွားပါတယ်။ သမ္မတတစ်ဦးအနေနဲ့ ငြင်းပယ်ရန် အထူးအခွင့်အရေး ရှိတယ်လို့ အခွင့်အာဏာဟာ ပေါ့ပေါတန်တန် ကိုးကားရန် မဟုတ်ကြောင်း၊ စွပ်စွဲခံရသူမှာ သက်သေပြရန် မရှိ ခြင်းကို ထောက်ပြပြီး နာဗာရိုရဲ့ လျှောက်လဲချက်ကို တရားသူကြီးက ပယ်ချလိုက်ပါတယ်။

ကွန်ဂရက်လွှတ်တော်အပေါ် မထီမဲ့မြင်ပြုမှုနဲ့ မကြာသေးမီနှစ်များအတွင်း ချုပ်နှောင်ခံသူ ထရမ့်မဟာမိတ် များစွာအနက် နာဗာရိုဟာ တစ်ဦးဖြစ်ပါတယ်။ အိမ်ဖြူတော် ဗျူဟာရေးရာမှူးဟောင်း စတီဗ်ဘန်နွန်ဟာ ဇန်နဝါရီ ၆ ရက်ကော်မတီ ဆင့်ခေါ်စာနဲ့ ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်မှုအတွက် ကွန်ဂရက်လွှတ်တော်အပေါ် မထီမဲ့ မြင်ပြုမှု စွဲချက်နှစ်ခုမှာ အပြစ်ရှိကြောင်း ဂျူရီလူကြီးများက တွေ့ရှိခဲ့ပါတယ်။ အဲ့ဒီအတွက် ထောင်ဒဏ် လေးလ နဲ့ ဒဏ်ငွေ ဒေါ်လာ ၆၅၀၀ ချမှတ်ခြင်း ခံခဲ့ရပါတယ်။

၂၀၂၁ ခုနှစ် ကက်ပီတိုဟေးလ် အဓိကရုဏ်းနဲ့ ပတ်သက်တဲ့ မေးခွန်းများကို ဖြေကြားရန် ငြင်းဆိုမှုအတွက် အိမ်ဖြူတော်အကြီးအကဲဟောင်း မာ့ခ်_မီဒိုးကိုလည်း စွဲဆိုခဲ့ဖူးပါတယ်။ အီးမေးလ်များနဲ့ စာရွက်စာတမ်းအချို့ ကို လွှဲပြောင်းပေးလိုက်မှသာ စွဲချက်ကို ပယ်ဖျက်ပေးခဲ့ကြောင်း တွေ့ရှိရပါတယ်။

(NBC NEWs., 7 September 2023,” Former Trump adviser Peter Navarro is convicted of contempt of Congress in Jan. 6 investigation” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အသက်(၆၀)ကျော်အမျိုးသမီးနှင့်လေဖြတ်နေသူတို့သာ နေထိုင်သည့်နေအိမ်ကို အုပ်စုဖွဲ့ဓားပြဝင်တိုက်မှု ရန်ကုန်မြို့၌ဖြစ်ပွား

RELATED POSTS
RECENT POSTS
မိုးကုန်တော့မည်ဖြစ်သော်လည်း နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း(၈)မြို့နယ်ထက်မနည်း ရေဘေးကြုံနေဆဲဖြစ်
04 Oct 2024
စပိန်နိုင်ငံမှဝယ်ယူထားသော DEMU ရထားသစ်များ ညစ်ပတ်၊ ထိခိုက်ပျက်စီးမှုမရှိစေရန် စည်းကမ်းထိန်းသိမ်းခြင်းများ ဆောင်ရွက်နေ
04 Oct 2024
ကွန်တိန်နာတစ်စီးက ဓာတ်တိုင်ကိုဝင်တိုက်မှုကြောင့် ဓာတ်တိုင်(၅)တိုင်လဲကာ လျှပ်စစ်မီးပြတ်တောက်မှု ရန်ကုန်၌ ဖြစ်ပွားခဲ့
04 Oct 2024
ကမ္ဘာ့အသေးဆုံးနိုင်ငံ (သို့မဟုတ်) မြို့အတွင်းက နိုင်ငံ (ဗဟုသုတဆောင်းပါး)
04 Oct 2024
ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၃ နှင့် ၄ ကဲ့သို့နီးလျက်နှင့် ထိတွေ့မှုနည်းနေ
04 Oct 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်များ
04 Oct 2024
ပဲ့ကိုင်ရှင်သစ် ခေါင်းဆောင် "တိုလမ်"လက်ထက် ဗီယက်နမ်နိုင်ငံအတွက် မျှော်လင့်ချက်သစ်များ
04 Oct 2024
တရုတ်မှာ ရှားပါးသားအိမ်နှစ်ခုနဲ့ အမျိုးသမီး အမြွှာမွေးဖွား
04 Oct 2024
Stranger Things သရုပ်ဆောင် မင်းသမီး မီလီဘော်ဘီဘရောင်း၊ ချစ်သူ ဂျတ်ဘွန်ဂျီအိုဗီနဲ့အီတလီမှာ မင်္ဂလာပွဲကျင်းပ
04 Oct 2024
(၉)တန်းအထိသာ ပညာသင်ယူခဲ့သော်လည်း နှစ်ပေါင်း(၂၀) တိတိ ဆရာဝန်အဖြစ် ဟန်ဆောင်လုပ်ကိုင်ခဲ့တဲ့ ထိုင်းအမျိုးသား
03 Oct 2024
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved