ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ရွှေမန်းသူ ခရီးသည်တင်ယာဉ်တိမ်းမှောက်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံး
သန့်ဇင်(NSS) - စက်တင်ဘာ ၈
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ရွှေမန်းသူ ခရီးသည်တင် Express ကားတစ်စီးတိမ်းမှောက်ခဲ့ကြောင်း မြို့ချောင်းအမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ယာဉ်တိမ်းမှောက်မှုသည် ယနေ့(စက်တင်ဘာလ ၈ရက်)၊ မွန်းလွဲ ၁နာရီ ၅၀မိနစ်အချိန်တွင် ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၉၂)တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဖြစ်စဉ်ကတော့ မသိဘူးဗျ။ မှောက်တာကတော့ (၉၂)မိုင်မှာမှောက်တာပါ။ ရန်ကုန်ကနေ နေပြည်တော်အတက်မှာ။ ကားပေါ်မှာ ပါလာတဲ့ တစ်ယောက်တော့ သေဆုံးသွားပါတယ်”ဟု မြို့ချောင်းအမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သည့် ကားသည် “ရွှေမန်းသူ” ယာဉ်လိုင်းမှ ခရီးသည်တင် Express ကားဖြစ်ပြီး ကားပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များအနက် အမျိုးသမီးတစ်ဦးသည် နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။
“ခရီးသည်(၇)ယောက်လောက်လည်းဒဏ်ရာရပါတယ်။ နေရာမှာတင်ဆုံးသွားတာက အမျိုးသမီးတစ်ဦးပါ။ ခုလက်ရှိတော့ အကုန်လုံးကို ဆေးရုံပို့ထားပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
သေဆုံးသူအမျိုးသမီးနှင့် ထိခိုက်ဒဏ်ရာရှိသူ(၇)ဦးအား ကျောက်တံခါးမြို့နယ်ပြည်သူဆေးရုံသို့ ပိုဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိမ်သုံးမီတာအသုံးပြုပြီး စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူများကို စီးပွားရေးနှုန်းထားဖြင့် တိုးမြှင့် ကောက်ခံနိုင်ရေး ဆောင်ရွက်နေဟုဆို
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း