Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
၂ဝ၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများမှစ၍ တက်ရောက်နိုင်မည့် ဆေးပညာအခြေခံနှစ် သင်တန်းကို နိုဝင်ဘာလတွင် စတင်ဖွင့်လှစ်မည်

ယွန်း (NSS) - စက်တင်ဘာ ၈

Naypyitaw State Academy တွင် ဆေးပညာအခြေခံနှစ်သင်တန်းကို နိုဝင်ဘာလတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက စက်တင်ဘာ(၇)ရက်တွင် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန နေပြည်တော်အစည်းအဝေးခန်းမတွင် ကျင်းပသည့် ညှိနှိုင်းအစည်းအဝေးတွင် အထက်ပါကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။

Naypyitaw State Academy ကို ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလ(၉)ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သင်ကြားရေး မဟာဌာနကြီး ခုနှစ်ခုတို့ဖြင့် ဖွဲ့စည်းတည်ထောင်ထားခဲ့ကြောင်း သိရသည်။

အဆိုပါဌာနကြီးခုနှစ်ခုတွင် ဝိဇ္ဇာပညာမဟာဌာန၊ သိပ္ပံပညာမဟာဌာန၊ ဥပဒေပညာမဟာဌာန၊ စီးပွားရေး မဟာဌာန၊ ဆေးသိပ္ပံပညာမဟာဌာန၊ လူမှုရေးပညာမဟာဌာန နှင့် အားကစားပညာမဟာဌာန တို့ ပါဝင်ခဲ့သည်။

၎င်းတို့အနက်မှ ဆေးသိပ္ပံပညာမဟာဌာနကို ဖွင့်လှစ်နိုင်ရေးအတွက် ယခင်နှစ်ကပင် စတင်စီစဥ်ဆောင်ရွက်ခဲ့ရာ လာမည့်နိုဝင်ဘာလတွင် ၂ဝ၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများမှစ၍ တက်ရောက်နိုင်မည့် ဆေးပညာအခြေခံနှစ်သင်တန်းကို စတင်ဖွင့်လှစ်တော့ မည်ဖြစ်ကြောင်း ဒေါက်တာသက်ခိုင်ဝင်းက အသိပေး ပြောကြားထားသည်။


Naypyitaw State Academy သို့ တက်ရောက်ခွင့်ရရှိမည့် ကျောင်းသား၊ ကျောင်းသူများအား ရွေးချယ်ရာတွင် ၎င်းတို့အောင်မြင်ခဲ့သည့် စာစစ်ဌာနအပေါ်မူတည်၍ စနစ်တကျရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဆေးတက္ကသိုလ်များတွင် လက်ရှိသင်ကြားလျက်ရှိသည့်  Outcome-based Integrated Curriculum ဖြင့် တစ်ပြေးညီ သင်ကြားနိုင်ရေးကိုလည်း ပညာရေးဝန်ကြီးဌာနနှင့်  ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။

Naypyitaw State Academy မှ ဘာသာရပ်‌ခြောက်ခုတွင် ပါရဂူသင်တန်းများ ဖွင့်လှစ်မည်ဖြစ်ပြီး အိန္ဒိယ တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးကို ပြီးခဲ့သည့်ရက်ပိုင်းက နှစ်နိုင်ငံဆွေးနွေးမှုများရှိခဲ့သည်။

ထို့ပြင် အဆိုပါတက္ကသိုလ်တွင် အဆင့်မြင့်ပညာပါရဂူဘွဲ့များပေးအပ်နိုင်သည်အထိ သင်ကြားပေးမည်ဖြစ်ပြီး ကမ္ဘာ့ အကောင်းဆုံးတက္ကသိုလ်များစာရင်းတွင် ပါဝင်နိုင်သည်အထိ လုပ်ဆောင်ပေးနိုင်ရေး မျှော်မှန်းဆောင်ရွက်ရန် နစကဥက္ကဋ္ဌ က ပြောဆိုထားဖူးသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရန်ကုန်တိုင်းအတွင်း MIC ပါမစ်လုပ်ငန်းသစ် ၁၁ ခု ခွင့်ပြု၊ အလုပ်အကိုင်နေရာ ၉ဝဝဝ ကျော် ဖန်းတီးနိုင်ခဲ့

RELATED POSTS
RECENT POSTS
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved