မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဆက်သွယ်ရေးနှင့် အွန်လိုင်းကို အသုံးပြုကာ လိမ်လည့်နေသည့်ဂိုဏ်းများကို တရုတ် နှင့် မြန်မာရဲတပ်ဖွဲ့တို့ ပူးပေါင်းဖြိုခွင်း
Pika (NSS) – စက်တင်ဘာ ၆
တရုတ်ရဲတပ်ဖွဲ့များနှင့် မြန်မာရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး ဆက်သွယ်ရေးနှင့် အွန်လိုင်းကိုအသုံးပြုကာ လိမ်လည်နေ သည့်ဂိုဏ်းများကို ဖြိုခွင်းခဲ့ရာ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ဆက်သွယ်ရေးနှင့် အွန်လိုင်းကိုအသုံးပြုကာ လိမ်လည် နေသည့်ဂိုဏ်း(၁၁)ခုကို ဖြိုခွင်းနိုင်ခဲ့ပြီး သံသယရှိသူ(၂၆၉)ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း တရုတ်နိုင်ငံပြည်သူ့ လုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့သည်။
အဆိုပါ သံသယရှိသူ(၂၆၉)ဦးတွင် (၁၈၆)ဦးမှာ တရုတ်နိုင်ငံသားများဖြစ်ပြီး ၎င်းတို့အားလုံးကို တရုတ်အာဏာပိုင် များဆီသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့အပြင် အဆိုပါ တရုတ်နိုင်ငံသား(၁၈၆)ဦး၏ လှုပ်ရှားမှုနှင့် လုပ်ဆောင်မှုများကို တရုတ်အာဏာပိုင်များက ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြိုခွင်းမှုအတွင်း ကွန်ပြူတာများ၊ ဖုန်းများ၊ ဆင်းကဒ်များ၊ ဘဏ်ကဒ်များ နှင့် scripts ကဲ့သို့သော လိမ်လည် မှုလုပ်ဆောင်ရန်အတွက် အသုံးပြုသည့်ကိရိယာများကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံမြောက်ပိုင်း တွင် တရုတ်လူမျိုးများကို ပစ်မှတ်ထားသည့် ဆက်သွယ်ရေးနှင့် အွန်လိုင်းကိုအသုံးပြုကာ လိမ်လည့်နေသည့် ဂိုဏ်းများသည် ၂ဝ၂၃ ခုနှစ်ကတည်းက သိသိသာသာတိုးမြင့်လာခဲ့ပြီး အဆိုပါကိစ္စကို တရုတ်နိုင်ငံသား အများ အပြားက စိတ်ဆိုးဒေါသဖြစ်နေကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဆက်သွယ်ရေးနှင့် အွန်လိုင်းကိုအသုံးပြုကာ လိမ်လည်မှုပေါင်း(၁၁ဝဝ)ကျော်ကို ခြေရာခံလိုက်ခဲ့ပြီး စုစုပေါင်းတန်ဖိုးမှာ ယွမ်သန်း(၁၂ဝ)ကျော် ရှိကြောင်းလည်း သိရသည်။
တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာနသည် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ရန် အတွက် အဆိုပါတရားမဝင်လုပ်ငန်းများကို ပြင်းပြင်းထန်ထန်နှိမ်နင်းသွားမည်ဖြစ်ကြောင်း ကတိပြုပြောခဲ့သည်။ ထို့အပြင် လစာမြင့်မားသော ပြည်ပအလုပ်အကိုင်များရရှိမည်ဟုဆိုသော အွန်လိုင်းမှ လိမ်လည်လှည့်ဖြားမှု လုပ်ဆောင်နေသောဂိုဏ်းများနှင့်ပတ်သက်၍ သတိထားကြရန် တရုတ်ပြည်သူများကို ညွှန်ကြားထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်္ဂလန်တစ်နှစ်တာ အကောင်းဆုံးအမျိုးသားကစားသမားဆုကို ဒုတိယအကြိမ်မြောက်ဆွတ်ခူးရရှိခဲ့တဲ့ အာဆင်နယ်တိုက်စစ်မှူး ဆာကာ
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း