မန္တလေးတွင် အမျိုးသား(၄)ဦးနှင့် အမျိုးသမီးတစ်ဦးကို “ဒလန်”ဟု စွပ်စွဲကာ PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
NSS - စက်တင်ဘာ ၆
မန္တလေးတိုင်း၊ ငါန်းဇွန်မြိုနယ်တွင် အမျိုးသား(၄)ဦးနှင့် အမျိုးသမီးတစ်ဦးအား PDF အဖွဲ့က သေနတ်ဖြင့် ပစ်သတ်ခဲ့သည့်အပြင် ကလေးငယ်(၂)ဦးကိုလည်း သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော စက်တင်ဘာလ ၂ရက်၊ ည ၈နာရီခွဲအချိန်တွင် ငါန်းဇွန်မြို့နယ်၊ နဘဲပင်ကျေးရွာတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါကျေးရွာအတွင်းသို့ PDF အဖွဲ့ အင်အား (၁၅)ဦးခန့်က ဆိုင်ကယ်(၇)စီးဖြင့် ဝင်ရောက်လာပြီး သေဆုံးသူများနှင့် ဒဏ်ရာရရှိခဲ့သည့် ကလေး(၂)ဦးအား “ဒလန်”ဟုစွပ်စွဲ၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အဆိုပါကျေးရွာနေသူများဖြစ်သည့် ဦးဝင်းချို(၄၈)နှစ်၊ ၎င်း၏ဇနီးဖြစ်သူ ဒေါ်နုနုဝင်း(၅၃)နှစ်၊ ဦးအောင်ခိုင်(၄၅)နှစ်၊ ဦးမြို့ဇော်ဦး(၄၈)နှစ်နှင့် ဦးညွန့်ပြေ(၃၃)နှစ်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ထို့ပြင် သေဆုံးနေသည့် ဦးဝင်းချို၏ သမီးများဖြစ်သည့် မသဲစုမွန်(၁၃)နှစ်နှင့် မသဲစုနိုင်(၉)နှစ်တို့ (၂)ဦး၏ လည်ပင်း၊ ခါး၊ လက်နှင့် ခြေထောက်တို့တွင်လည်း ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းကြောင့် ဆေးကုသမှုခံယူနိုင်ရေးအတွက် ငါန်းဇွန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
အထက်ပါလုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄ နာရီအတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့်ပြည်ပက သတင်းများအား စုစည်းတင်ဆက်ခြင်း
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း