G20 ထိပ်သီးအစည်းအဝေးကို တရုတ်သမ္မတ လူကိုယ်တိုင်မတက်ရောက်ခြင်းအပေါ် စိတ်ပျက်မိကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ပြော
Pika (NSS) - စက်တင်ဘာ ၄
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးကို တရုတ်သမ္မတရှီကျင့်ဖျင်က မတက်ရောက်ရန် ဆုံးဖြတ်ခဲ့သည့်အတွက် စိတ်ပျက်မိကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က စက်တင်ဘာလ (၃)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ဂျိုးဘိုင်ဒန်က "ကျွန်တော် စိတ်ပျက်မိပါတယ်။ ဒါပေမယ့် ကျွန်တော်သူနဲ့တွေ့ဖို့ သွားဦးမှာပါ" ဟု ပြောဆိုခဲ့သည်။
သို့သော်လည်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် နောက်ထပ်အသေးစိတ်အချက်အလက်များကို ထုတ်ဖော် ပြောကြားခဲ့ခြင်းမျိုး မရှိကြောင်း သိရသည်။ ဂျိုးဘိုင်ဒန်သည် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန် အတွက် စက်တင်ဘာလ(၇)ရက်မှ (၁ဝ)ရက်အထိ အိန္ဒိယနိုင်ငံသို့ သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးပွဲအပြီးတွင် ဂျိုးဘိုင်ဒန်သည် ဗီယက်နမ်နိုင်ငံသို့ သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။ နယူးဒေလီမြို့တွင် ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးကို တရုတ်သမ္မတရှီကျင့်ဖျင် တက်ရောက် ခြင်းမျိုးမရှိဘဲ တရုတ်ဝန်ကြီးချုပ်လီချန်းက ကိုယ်စားပြုတက်ရောက်နိုင်ဖွယ်ရှိကြောင်း သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရသည်။
ဂျိုးဘိုင်ဒန်က "ညှိနှိုင်းဆောင်ရွက်မှုတွေ ပိုလိုချင်ပါတယ်။ အိန္ဒိယ နဲ့ ဗီယက်နမ်တို့ဟာ အမေရိကန်နဲ့ ပိုမိုနီးကပ်တဲ့ဆက်ဆံရေးကို လိုချင်နေကြတာပါ။ အဲဒါက အထောက်အကူဖြစ်စေမှာပါ" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ချက်နိုင်ငံတွင် ကျင်းပနေသည့် အာဆီယံ+၃ ရုပ်ရှင်ပွဲတော်၌ မြန်မာနိုင်ငံမှ ရုပ်ရှင်ဇာတ်ကားတစ်ကား ပါဝင်ပြသမည်
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ