တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်အတွင်းရှိ ဧရိယာ(၁၉၆၂)ဧကကျယ်ဝန်းသည့် နယ်မြေကို "မစန်းပါး(၂) ဒီရေတောကြိုးပြင်ကာကွယ်တော"အဖြစ် သတ်မှတ်
ယွန်း (NSS) - စက်တင်ဘာ ၃
တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်ရှိ ဧရိယာ(၁၉၆၂)ဧကရှိသည့် နယ်မြေကို "မစန်းပါး(၂) ဒီရေတောကြိုးပြင်ကာကွယ်တော" အဖြစ် သတ်မှတ်ခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၁၉၆၂)ဧကရှိသော နယ်မြေကို "မစန်းပါး(၂) ဒီရေတောကြိုးပြင်ကာကွယ်တော" အဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။
အဆိုပါနယ်မြေကို အမိန့်ကြေညာစာအမှတ်(၁၀၀/၂၀၂၃)အရ သြဂုတ်လ(၃၀)ရက်မှစ၍ "မစန်းပါး(၂) ဒီရေတောကြိုးပြင်ကာကွယ်တော" သတ်မှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရန်၊ ဇီဝမျိုးစုံမျိုးကွဲပေါကြွယ်ဝစေရန်၊ လှိုင်းဒဏ်၊ မုန်တိုင်းဒဏ်ခံစားရမှုများကို သဘာဝတံတိုင်းများသဖွယ်ကာကွယ်ရန် ကြိုးပြင်ကာကွယ်တောအဖြစ်သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဒေသခံပြည်သူများ သားငါးပုစွန်စသည့် ရေသယံဇာတများကို စဥ်ဆက်မပြတ်ထုတ်ယူသုံးစွဲနိုင်ရန်နှင့် ဒီရေတောဂေဟစနစ် စီမံအုပ်ချုပ်မှု ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်ကြောင်းသိရသည်။
"မစန်းပါး(၂) ဒီရေတောကြိုးပြင်ကာကွယ်တော" သတ်မှတ်ခြင်းဖြင့် အဓိကဒီရေတောသစ်မျိုးများဖြစ်သည့် ဗြူးခြေထောက်၊ ဗြူးအုပ်ဆောင်း အပါအဝင် အဖိုးတန်သစ်မျိုးများနှင့် ဒေသမျိုးရင်း ဒီရေတောသစ်မျိုးများကို ထိန်းသိမ်းနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အလားတူ ရေနေသတ္တဝါများ ရှင်သန်ပေါက်ဖွားသည့် အဏ္ဏဝါဂေဟစနစ် ပိုမိုကောင်းမွန်လာစေခြင်းနှင့် သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်သည့် အကျိုးကျေးဇူးများလည်းရရှိနိုင်ကြောင်း သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာဏာသိမ်းယူပြီးနောက် ပိတ်ထားခဲ့သောနယ်စပ်များကို ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ကြောင်း ဂါဘွန်စစ်အစိုးရကြေညာ
RELATED POSTS
14 Sep 2024 | ဗဟုသုတ,နိုင်ငံတကာ
13 Sep 2024 | ဗဟုသုတ,နိုင်ငံတကာ