Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နေတိုးအဖွဲ့နှင့် ရုရှားကြား တိုက်ရိုက်ပဋိပက္ခဖြစ်ပွားရန် နီးကပ်သည့်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ရုရှားသံအမတ် သတိပေး

Pika (NSS) - စက်တင်ဘာ ၃

ယူကရိန်းတွင် စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှုများသည် ရုရှားနှင့် နေတိုးအဖွဲ့ကြား ပဋိပက္ခအဖြစ်သို့ ပြောင်းလဲသွားနိုင်သည့်အခြေအနေကို ရောက်ရှိနေပြီဖြစ်ကြောင်း ကုလသမဂ္ဂဆိုင် ရုရှားလက်ထောက်သံတမန် ဒီမစ်ထရီပိုလီယန်စကီးက ပြောကြားခဲ့သည်။

အမေရိကန်ဦးဆောင်သော နေတိုးအဖွဲ့သည် ရုရှားနှင့် ယူကရိန်းကြား ပဋိပက္ခတွင် ပိုမိုနက်ရှိုင်းစွာ ပါဝင် ပတ်သက်လာနေကြောင်း ၎င်းက ဝေဖန်ပြောခဲ့သည်။

၎င်း က  "ယူကရိန်းပဋိပက္ခမှာ ပါဝင်ပတ်သက်တာဟာ အန္တရာယ်များတဲ့လုပ်ရပ်တစ်ခုဖြစ်ပြီး ရုရှားနဲ့ နေတိုးကြား တိုက်ရိုက်ပဋိပက္ခတွေဖြစ်ပွားလာနိုင်တယ်လို့ ကျွန်တော်တို့ သတိပေးထားပါတယ်။ နေတိုးအဖွဲ့ဟာ တိုက်ရိုက် တပ်ဖြန့်ထားခြင်းမျိုးကလွဲရင် တတ်နိုင်သမျှနည်းလမ်းပေါင်းစုံနဲ့ ယူကရိန်းတပ်ဖွဲ့တွေကို ကူညီပံ့ပိုးပေးနေပါတယ်" ဟု ပြောခဲ့သည်။ 


ယူကရိန်းနိုင်ငံတွင် နေတိုးအဖွဲ့၏ လေ့ကျင့်ရေးမှူးများနှင့် ကြေးစားစစ်သားများရှိနေသည်ကို ရုရှားအစိုးရက သိရှိ ထားကြောင်း ဒီမစ်ထရီပိုလီယန်စကီးက ထပ်မံပြောခဲ့သည်။ ထို့အပြင် နေတိုးအဖွဲ့၏ အရာရှိများနှင့် ဗိုလ်ချုပ်များ သေဆုံးနေသည်ဆိုသည့် သတင်းများထွက်ပေါ်နေခြင်းကို ၎င်းက ထောက်ပြခဲ့ကြောင်းလည်း သိရသည်။

၎င်းက "အဲဒီအချက်ကြောင့် သံသယတွေကို ပိုဖြစ်လာစေပါတယ်။ နေတိုးအဖွဲ့ဝင်အချို့ဟာ ယူကရိန်းရဲ့ အချို့ လုပ်ဆောင်ချက်တွေမှာ ပါဝင်နေတယ်ဆိုတာကို ကျွန်တော်တို့ သိထားပါတယ်" ဟု ဝေဖန်ပြောခဲ့သည်။


ယူကရိန်းစစ်တပ်အတွက် လက်ရှိအခြေအနေများသည် အလွန်ဆိုးရွားကြောင်းနှင့် အနောက်အုပ်စုနိုင်ငံများ၏ စစ်ရေးအကူအညီများကသာ ၎င်းတို့အားလုံးအတွက် ကယ်တင်ရာတစ်ခုဖြစ်ကြောင်း ဒီမစ်ထရီပိုလီယန်စကီးက မှတ်ချက်ပြုပြောခဲ့သည်။

ထို့အပြင် အမေရိကန်နိုင်ငံရှိလူအချို့သည် ရုရှားနှင့်စစ်ပွဲတွင် ယူကရိန်းက ရှုံးနိမ့်နေသည်ကို နားလည်ကြကြောင်း ၎င်းက ထပ်မံပြောခဲ့သည်။ အနောက်အုပ်စုနိုင်ငံများသည် ပဋိပက္ခစတင်ဖြစ်ပွားသည့်အချိန်တည်းက ယူကရိန်းကို စစ်ရေးအကူအညီအဖြစ် အမေရိကန်ဒေါ်လာ(၁ဝဝ)ဘီလျံကျော် ပေးပို့ခဲ့ပြီး ၎င်းတို့အနေဖြင့် ယူကရိန်းပဋိပက္ခတွင် တိုက်ရိုက် ပါဝင်ပတ်သက်ခြင်းမျိုးမရှိကြောင်း အခိုင်အမာပြောခဲ့သည်။

ယူကရိန်းသို့ အနောက်အုပ်စုနိုင်ငံများ၏ စစ်လက်နက်ပစ္စည်းများပေးပို့မှုသည် ပဋိပက္ခကို ပိုမိုရှည်ကြာအောင်လုပ်နေခြင်းဖြစ်သလို ရုရှားနှင့်နေတိုးအဖွဲ့ကြား တိုက်ရိုက်ပဋိပက္ခများဖြစ်ပွားလာနိုင်ကြောင်း ရုရှားဖက်က အကြိမ်ကြိမ် သတိပေးပြောဆိုခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပိုလန်အစိုးရက ယူကရိန်းဒုက္ခသည်များအတွက် အကြီးဆုံးဒုက္ခသည်စခန်းကို ရုတ်တရက် ပိတ်ပစ်ခဲ့ဟုဆို

RECENT POSTS
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
24 Sep 2024
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved