စဉ့်ကူးမြို့နယ်၌ တောင်ကျချောင်းရေ ကျဆင်းမှုကြောင့် ခြံဝန်းတံခါးပြိုကျရာမှ အမျိုးသားတစ်ဦးပိမိသေဆုံး
သန့်ဇင် (NSS) - ဩဂုတ် ၃၁
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်ခြံဝန်းသံတံခါးပြိုကျပျက်စီးခဲ့ရာမှ အမျိုးသားတစ်ဦးပိမိ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဩဂုတ်လ ၃၁ရက်)၊ နံနက် ၉နာရီဝန်းကျင်အချိန်တွင် စဉ့်ကူးမြို့နယ် ရှောက်ပင်ရိုးအုပ်စု၊ နွယ်ရုံကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း ကလျာဏလူမှုကူညီရေးအသင်းထံမှ သိရသည်။
“တောင်ရေကျတာကို အမျိုသားက ခြံတံခါးဖွင့်လိုက်တဲ့အချိန်မှာ ခြံတံခါးနဲ့ပိမိပြီးဆုံးတာပါဗျ” ဟု ကလျာဏလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
သေဆုံးခဲ့သည့် အမျိုးသားသည် အသက်(၂၅)နှစ်ဝန်းကျင်အရွယ်ဖြစ်ပြီး ၎င်းအား ဒေသခံလူမှုကူညီရေးအသင်းမှ စဉ့်ကူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင် ယခင်နှစ်များ၌ မိုးရွာသွန်းမှုကြောင့် တောင်ကျရေစီးဆင်းမှုများ ရှိခဲ့ကြောင်းလည်း အထက်ပါလူမှုကူညီရေး အသင်းထံမှ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယနိုင်ငံတွင် ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးကို တရုတ်သမ္မတရှီကျင့်ဖျင် တက်ရောက်မှာမဟုတ်ဟုဆို
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း