ရန်ကုန်မြို့ရှိ ဆန်ရောင်းဝယ်ရေးရုံးခန်းကို လူ(၆)ဦးက ဓါးများဖြင့် ခြိမ်းခြောက်ကာ ဓါးပြဝင်တိုက်မှုဖြစ်ပွား
NSS - သြဂုတ် ၂၉
ရန်ကုန်မြို့ရှိ ဆန်ရောင်းဝယ်ရေးရုံးခန်းတစ်ခုကို လူ(၆)ဦးက ဓါးများဖြင့် ခြိမ်းခြောက်ကာ ဓါးပြဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(သြဂုတ်လ ၂၈ ရက်)၊ နေ့လည်ပိုင်းတွင် ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်(၁)ရပ်ကွက်၊ ဘုရင့်နောင်လမ်းပေါ်ရှိ သုခရှင်ဆန်ရောင်းဝယ်ရေးရုံးခန်း၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါသုခရှင်ဆန်ရောင်းဝယ်ရေးရုံးခန်း၌ ဝန်ထမ်းများရှိနေစဉ်အချိန်တွင် Mask တပ်ကာ ဦးထုပ် ဆောင်းထားသည် လူ(၆)ဦး ဝင်ရောက်လာခဲ့သည်ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများက NSS ကို ပြောသည်။
၎င်းလူ(၆)ဦးသည် အရှည်(၁)ပေခန့်ရှိသော ဓါးများကိုင်ဆောင်ကာ ဝင်ရောက်လာခြင်းဖြစ်ပြီး ဆန်ရောင်းဝယ်ရေးရုံးခန်းအတွင်းရှိ ဝန်ထမ်းများကို ခြိမ်းခြောက်ပြီးနောက် မီးခံသေတ္တာအတွင်းမှ ငွေကျပ်သိန်း(၂၀၀)နီးပါးကို ဓါးပြတိုက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ဓါးပြတိုက်သူများသည် ဆန်ရောင်းဝယ်ရေးရုံးခန်းအတွင်းရှိ ဝန်ထမ်းတစ်ဦး၏ လက်ကိုင်ဖုန်းတစ်လုံးကိုလည်း လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဓါးပြတိုက်မှုကျူးလွန်ခဲ့သူများကို ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာလုံခြုံရေးပူးပေါင်းအဖွဲ့များက ဆောင်ရွက်နေကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်မြို့အပါအဝင် အခြားသောတိုင်းနှင့်ပြည်နယ်များရှိ မြို့ကြီးများ၌ ဓါးပြတိုက်မှု၊ လူသတ်ကာ ဓါးပြတိုက်မှု နှင့် လုယက်မှုများသည် မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိကြောင်း တွေ့ရှိနေရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်လူမျိုးခရီးသွားဧည့်သည်များ အများအပြားဝင်ရောက်လာတော့မည်ဖြစ်၍ ကြိုတင်ပြင်ဆင်ထားရန် နစကဝန်ကြီးပြော
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း