ပြွန်တန်ဆာမြို့၌ ဆီဘောက်ဆာကားတစ်စီး တိမ်းမှောက်ပြီး မီးလောင်ခဲ့ရာ ယာဉ်မောင်းအမျိုးသား မီးလောင်သေဆုံး
စော(NSS) - ဩဂုတ် ၂၇
ပဲခူးတိုင်း၊ ပြွန်တန်ဆာမြို့တွင် ဆီဘောက်ဆာကားတစ်စီး တိမ်းမှောက်ပြီးနောက် မီးလောင်မှုဖြစ်ပွားခဲ့ရာ အမျိုးသား(၁)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဩဂုတ်လ ၂၇ ရက်)၊ မွန်းလွဲ(၁၁)နာရီခွဲဝန်းကျင်အချိန်တွင် ပြွန်တန်ဆာမြို့၊ ပင်းတလဲကျောင်းကွေ့၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရွှေရဲနွယ်လူမှုကူညီရေးအသင်းထံမှ သိရသည်။
“ကွေ့ကြောဆိုတော့ သူက (၁၂)ဘီးတွဲကားတစ်စီးနဲ့လည်းငြိတယ်။ တုတ်တုတ်တစ်စီးနဲ့လည်းငြိတယ်။ ငြိသွားတဲ့အချိန်မှာ ဆီဘောက်ဆာက လမ်းအောက်ရောက်ပြီး မှောက်သွားတယ်။ ပြီးတော့ မီးလောင်သွားတယ်”ဟု ရွှေရဲနွယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
မီးလောင်မှုကြောင့် ယာဉ်မောင်းအမျိုးသားတစ်ဦး မီးလောင်သေဆုံးခဲ့ပြီး ယာဉ်နောက်လိုက် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့က မီးလောင်မှရောက်တော့ အကုန်လောင်နေပြီ။ အိမ်တွေဘာတွေတော့မီးကူးတာမရှိဘူး။ အိမ်တစ်လုံးတော့ မီးဟပ်လို့ အုတ်နံရံတွေ ဘာတွေကွာသွားတာရှိတယ်”ဟု ၎င်းကဆက်လက်ပြော သည်။
အဆိုပါ ဖြစ်စဥ်အား ဒိုက်ဦးမြို့နယ်မီးသတ်စခန်းအပါအဝင် ညောင်လေးပင်မြို့နယ် မီးသတ်စခန်းနှင့် ပြွန်တန်ဆာနယ်မြေမီးသတ်စခန်းတို့မှ မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ(၁)နာရီဝန်းကျင်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူသည် စိုးရိမ်ရသည့်အခြေအနေမရှိကြောင်းသိရပြီး ၎င်းအား ပြွန်တန်ဆာဆေးရုံမှတစ်ဆင့် ရဲစခန်းသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
EV အတွက်လိုအပ်သည့် လစ်သီယမ် မြန်မာနိုင်ငံတွင်ရှိနေပြီး တရားဝင် စမ်းသပ်ရှာဖွေထုတ်လုပ်ခွင့်ပြုရန်သာ လိုအပ်နေ
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း