မလေးရှားနိုင်ငံ၌ မြန်မာနိုင်ငံသားတစ်ဦး ချော်လဲရာမှ ဦးခေါင်းထိခိုက်မိပြီး သေဆုံးမှုဖြစ်ပွား
စော (NSS) - ဩဂုတ် ၂၇
မလေးရှားနိုင်ငံ၊ စလန်းကောပြည်နယ်၊ စမုံညှင်းမြို့နယ်တွင် မြန်မာနိုင်ငံသားတစ်ဦး လမ်းဘေး၌ ချော်လဲရာမှ ဦးခေါင်းထိခိုက်မိပြီး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)မှ ယမန်နေ့(ဩဂုတ်လ ၂၆ ရက်)တွင် အထက်ပါကဲ့သို့ အသိပေး ထားခြင်းဖြစ်သည်။
စမုံညှင်းမြို့နယ်၊ မြို့လည်ရှိ ကားတာယာပြုပြင်ရောင်းဝယ်ရေး ဆိုင်နားတွင်ရှိသော ကားမှတ်တိုင်နား၌ အရက်အလွန်အကျွံသောက်ထားပြီး ဦးခေါင်းတွင်သွေးများ ယိုစိမ့်ကာ သေဆုံးနေသူတစ်ဦးအား လမ်းသွားလမ်းလာများမှ တွေ့ရှိသဖြင့် စမုံညှင်းရဲစခန်းအား ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း သိရသည်။
၎င်းအမျိူးသားသည် အရက်အလွန်အကျွံသောက်ထားကာ ချော်လဲခဲ့ပြီး ကားမှတ်တိုင်အား ဦးခေါင်းဖြင့် ရိုက်မိရာမှ သွေးထွက်လွန်ကာ သေဆုံးခဲ့ကြောင်း ဆေးစာအရ သိရသည်ဟုဖော်ပြထားသည်။
သေဆုံးသူအမျိုးသား၏ အင်္ကျီအတွင်းရှိ ပိုက်ဆံအိတ်အတွင်း၌ မြန်မာနိုင်ငံသားမှတ်ပုံတင်မိတ္တူနှင့် COVID -19 ဆေးထောက်ခံစာကို ရဲတပ်ဖွဲ့ဝင်များမှ တွေ့ရှိခဲ့ကြောင်း ၎င်းအသင်းထံမှ သိရသည်။
အဆိုပါ အမျိုးသားသည် ကိုမြင့်ကျော် (၃၆)နှစ်ဖြစ်ပြီး တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၁၉၈ဝ ခုနှစ်ကဖြစ်ပွားခဲ့တဲ့အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရအနေနဲ့ လျော်ကြေး အမေရိကန်ဒေါ်လာသန်း ၃၃ဝ ပေးရမယ်လို့ အီရန်တရားရုံး အမိန့်ချမှတ်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ