၁၉၈ဝ ခုနှစ်ကဖြစ်ပွားခဲ့တဲ့အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရအနေနဲ့ လျော်ကြေး အမေရိကန်ဒေါ်လာသန်း ၃၃ဝ ပေးရမယ်လို့ အီရန်တရားရုံး အမိန့်ချမှတ်
ဂျန်ဇက် (NSS) - ဩဂုတ် ၂၇
အီရန်တရားရုံးဟာ ၁၉၈ဝ ခုနှစ် အီရန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းဖို့ကြိုးပမ်းမှုနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရအနေနဲ့ နစ်နာကြေး အမေရိကန်ဒေါ်လာသန်း ၃၃ဝ ပေးချေရမယ်လို့ အမိန့်ချမှတ်လိုက်ပါတယ်။ အီရန်နိုင်ငံမှာ ၁၉၈ဝ ခုနှစ်က အမေရိကန်ဦးဆောင်ပြီး မအောင်မြင်တဲ့ အာဏာသိမ်းမှုဖြစ်ပွားခဲ့ရာ ထိခိုက်နစ်နာမှုများအတွက် လျော်ကြေးပြန်ပေးဖို့ အီရန်တရားရုံးက အမိန့်ချမှတ်လိုက်တာဖြစ်ကြောင်း သိရပါတယ်။
အမေရိကန်အစိုးရအနေနဲ့ အဆိုပါအာဏာသိမ်းဖို့ ကြိုးပမ်းမှုမှာ ဦးဆောင်ပါဝင်ခဲ့ခြင်းကြောင့် ထိခိုက်ပျက်စီးမှုများအတွက် အမေရိကန်ဒေါ်လာသန်း ၃ဝဝ နဲ့ နစ်နာသူများအတွက် အမေရိကန်ဒေါ်လာသန်း ၃ဝ လျော်ကြေးပေးရ မယ်လို့ အီရန်တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။ အမေရိကန်အစိုးရဟာ အီရန်ဘာသာရေးခေါင်းဆောင်ဖြစ်သလို အီရန်တော်လှန်ရေးတပ်ဖွဲ့ကို တည်ထောင်ခဲ့သူ အီမန်ခိုမေနီကိုဖြုတ်ချဖို့ ရည်ရွယ်ချက်နဲ့ အာဏာသိမ်းဖို့ကြိုးပမ်းမှု တွေမှာ ဦးဆောင်ပါဝင်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါအီရန်နိုင်ငံအတွင်း အမေရိကန်ဦးဆောင်တဲ့ အာဏာသိမ်းဖို့ကြိုးပမ်းမှုတွေမှာ အီရန်စစ်သားတွေနဲ့ စစ်ဘက်အရာရှိရာချီဟာ ဟာမီဒန်ဒေသမှာ ဖမ်းဆီးခံခဲ့ရကြောင်း သိရပါတယ်။ အီရန်အစိုးရရဲ့ထုတ်ပြန်ချက်များအရ အမေရိကန်အစိုးရဟာ ၁၉၈ဝ ခုနှစ်က အီရန်နိုင်ငံမှာ အာဏာသိမ်းဖို့ ကြိုးပမ်းမှုတွေကို ငွေကြေးကူညီထောက်ပံ့ပေးမှုနဲ့အတူ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့ကြောင်း သိရပါတယ်။
အီရန်နိုင်ငံဟာ လက်ရှိအချိန်မှာ အမေရိကန်အစိုးရရဲ့ပိတ်ဆို့မှုတွေချမှတ်ခံထားရပြီး တင်းမာမှုတွေဖြစ်ပွားနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျိုင်းလပ်နယ်စပ်ကုန်သွယ်ရေးစခန်းကို အဆင့်မြှင့်တင်ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် မြန်မာ-လာအိုနှစ်နိုင်ငံကုန်သွယ်မှု ပိုမိုတိုးမြင့်လာမည်
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း