Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
သပိတ်ကျင်းမြို့နယ်၌ ဇူလိုင်လလယ်မှစ၍ အိုးအိမ်စွန့်ခွာသူဦးရေ (၁၀၀၀၀)နီးပါးရှိခဲ့ပြီး ရိက္ခာအထောက်အပံ့များ လိုအပ်နေဟုဆို

ယွန်း (NSS) - သြဂုတ် ၂၄

သပိတ်ကျင်းမြို့နယ်၌ တိုက်ပွဲများကြောင့် ဇူလိုင်လလယ်မှစ၍ အိုးအိမ်စွန့်ခွာသူဦးရေ (၁၀၀၀၀)နီးပါးရှိခဲ့ပြီး ရိက္ခာအထောက်အပံ့များလိုအပ်နေကြောင်း UNOCHA Myanmar မှ ထုတ်ပြန်ထားသည်။


UNOCHA Myanmar မှ ယနေ့ (သြဂုတ်လ ၂၄ ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။ 

ပြည်တွင်း၌ ဖြစ်ပွားနေဆဲ ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူများအတွက် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များရှိနေပြီး အထူးသဖြင့် ကချင်ပြည်နယ်၊ မန္တလေး တိုင်းဒေသကြီးနှင့် နိုင်ငံအနောက်မြောက်ပိုင်းတွင် ဆက်လက်မြင့်တက်လျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်၌ လက်နက်ကိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ရွှေကူမြို့ နယ်အတွင်း အိမ်ထောင်စု ၂၀၀ (လူဦးရေ ၁,၁၀၀ ကျော်) နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး  ၂၀၂၃ ခုနှစ်၊ မတ်လဆန်းပိုင်းမှစ၍ နေရပ်စွန့်ခွာတိမ်းရှောင်ရသူဦးရေ (၂၀,၀၀၀) နီးပါး ရှိလာပြီဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင်လည်း တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေမှုကြောင့် ဇူလိုင်လလယ်မှစပြီး လူပေါင်း (၁၀,၀၀၀) နီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး စားနပ်ရိက္ခာအထောက်အပံ့များနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အရေးတကြီး လိုအပ် နေကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်လေးခုတွင် နေရပ်စွန့်ခွာတိမ်းရှောင်ရသူ (၇၁၅၀) ကျော်အတွက် စားနပ်ရိက္ခာ၊‌ သောက်သုံးရေ၊ အမိုးအကာနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းတွေ အရေးပေါ်လိုအပ်နေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ (၁၄) ရက်အထိ ကုလသမဂ္ဂ၏နောက်ဆုံးကိန်းဂဏန်းများအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ (၁ ဒသမ ၉) သန်းကျော်ရှိခဲ့ပြီး ၎င်းတို့အနက်မှ လူဦးရေ (၁ ဒသမ ၆) သန်းကျော်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖြစ်ပေါ် လာသည့် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူများဖြစ်ကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒီပလိုမာသင်တန်း(၃)ခုအတွက် သင်တန်းသားများခေါ်ယူ

RECENT POSTS
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
24 Sep 2024
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved