အင်ဒိုနီးရှားနိုင်ငံပိုင် စားနပ်ရိက္ခာဝယ်ယူရေးကုမ္ပဏီ Bulog က ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့မှ ဆန်များကို တင်သွင်းရန် ကြိုးပမ်းနေဟုဆို
Pika (NSS) - ဩဂုတ် ၂၂
အင်ဒိုနီးရှားနိုင်ငံတွင် အယ်လ်နီညိုရာသီဥတုကြောင့် စပါးအထွက်နှုန်းများ နည်းပါးမည်ဟု ခန့်မှန်းမှုများနှင့်အတူ အင်ဒိုနီးရှားနိုင်ငံပိုင် စားနပ်ရိက္ခာဝယ်ယူရေးကုမ္ပဏီ Bulog သည် နိုင်ငံတွင်းသိုလှောင်မှုများကို ဖြည့်တင်းရန် အတွက် ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့မှ ဆန်များကို တင်သွင်းနိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။
ယခုလအစောပိုင်းတွင် ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယ နှင့် ပါကစ္စတန်နိုင်ငံတို့ထံမှ ဆန်မက်ထရစ် တန်ချိန် (၁ ဒသမ ၆) သန်းခန့် တင်သွင်းခဲ့ကြောင်း Bulog က ပြောကြားခဲ့သည်။ ထို့အပြင် ပြည်တွင်းမှ ဆန်တန်ချိန်(၇၈၆၆၉၇) တန် ကိုလည်း ဝယ်ယူခဲ့ကြောင်း သိရသည်။
ခြောက်သွေ့သောရာသီဥတုကြောင့် အင်ဒိုနီးရှားနိုင်ငံတွင် မိုးခေါင်ရေရှားမှုများဖြစ်လာနိုင်မှုနှင့်အတူ အင်ဒိုနီးရှား အစိုးရသည် ၂ဝ၂၃ ခုနှစ်အတွက် ဆန်တန်ချိန်(၂)သန်းတင်သွင်းရန် ခွဲတမ်းကို ထုတ်ပြန်ခဲ့ပြီး ၂ဝ၂၂ ခုနှစ် ခွဲတမ်း ထက် ဆန်တန်ချိန်(၃)သိန်းကျော် တင်သွင်းခဲ့ကြောင်း သိရသည်။ Bulog ၏ ကော်ပိုရိတ်အတွင်းရေးမှူး Awaluddin Iqbal က "မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီးယာားနိုင်ငံတို့ကနေ ဆန်တင်သွင်းဖို့နဲ့ပတ်သက်ပြီး စာချုပ်ချုပ်ဆို တာမျိုးတော့ မရှိသေးပါဘူး။ ဒါပေမယ့်လည်း မကြာမီကာလအတွင်းမှာ ဖြစ်လာနိုင်မယ်လို့ မျှော်လင့်ထားပါတယ်" ဟု ပြောခဲ့သည်။
သို့သော်လည်း Awaluddin Iqbal သည် ဆန်တင်သွင်းမှုအစီအစဉ်များနှင့်ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ပြောကြားခြင်းမျိုးမရှိသေးကြောင်း သိရသည်။ ယခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၏ ဆန်အထွက်နှုန်းသည် တန်ချိန်(၃၁ ဒသမ ၅၆) သန်းခန့်ရှိမည်ဟု ခန့်မှန်းထားပြီး စားသုံးမှုမှာ တန်ချိန်(၃ဝ ဒသမ ၈၄) သန်းရှိကြောင်း အစိုးရက ထုတ်ပြန်သောအချက်အလက်များအရ သိရသည်။
အင်ဒိုနီးရှားနိုင်ငံရှိ အလတ်စားဆန်ဈေးနှုန်းများသည် ဩဂုတ်လ(၂၁)ရက်တွင် တစ်ကီလိုလျှင် (၁၃၆ဝဝ) ရူပီယာရှိ ပြီး ပြီးခဲ့သည့်နှစ်ထက် (၁၄ ဒသမ ၇၇) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံက ဆန်တင်ပို့မှုများ ကို ပိတ်ပင်လိုက်ခြင်း၊ ထိုင်း နှင့် ဗီယက်နမ်တို့တွင် ဆန်ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ဝယ်ယူသူများသည် အခြားထောက်ပံ့ရေးအရင်းအမြစ်များကိုရှာဖွေရန် တွန်းအားပေးခံနေရမှုနှင့်အတူ မြန်မာနိုင်ငံသည် လာမည့် လများအတွင်း ဆန်များ ပိုမိုတင်ပို့နိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို သွားနိုင်ရန် NUG၊ PDF တို့အနေဖြင့် အကြမ်းဖက်လုပ်ရပ်များကို ရပ်တန့်ကြောင်း ကမ္ဘာသိကြေညာရန် လိုအပ်ဟု နစကပြော
RELATED POSTS
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2024 | စီးပွားရေး,ပြည်တွင်း