Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယူကရိန်းတပ်ဖွဲ့တွေ တောင်းဆိုထားတဲ့ M1 Abrams တင့်ကားအစီးရေ ၃၁ စီး ကူညီပံ့ပိုးပေးသွားမယ်လို့ အမေရိကန်အစိုးရ ပြော

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၆

အမေရိကန်အစိုးရဟာ ယူကရိန်းနိုင်ထံတိုက်ခိုက်ရေးသုံးတင့်ကားတွေဖြစ်တဲ့ M1 Abrams တင့်ကားတွေပေးဖို့ ငြင်းဆန်ခဲ့ပေမယ့် လက်ရှိအချိန်မှာ အဲဒီဆုံးဖြတ်ချက်ကိုပယ်ဖျက်ပြီး ယူကရိန်းကို M1 Abrams အမျိုးအစား တင့်ကားအစီးရေ ၃၁ စင်း ပေးပို့ကူညီသွားဖို့ ဆုံးဖြတ်ခဲ့ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူများ က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

အမေရိကန်အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက "ယူကရိန်းနိုင်ငံဟာ သူတို့နိုင်ငံပိုင်နက်တွေကို ကာကွယ်နိုင်စွမ်း ကောင်းမွန်စေဖို့၊ တန်ပြန်ထိုးစစ်ဆင်နိုင်ဖို့ နဲ့ လုံခြုံရေး ပိုမိုကောင်းမွန်စေဖို့အတွက် M1 Abrams အမျိုးအစား တင့်ကားတွေကို တောင်းဆိုခဲ့ပါတယ်" လို့ပြောပါတယ်။ ယူကရိန်းအစိုးရဟာ ရုရှားတပ်ဖွဲ့များအပေါ် တန်ပြန်ထိုးစစ်ဆင်နိုင်အောင် ကြိုတင်ပြင်ဆင်ဖို့အတွက် အနောက် အုပ်စုနိုင်ငံများထံ တင့်ကားများ ပေးပို့ကူညီဖို့ တောင်းဆိုနေခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက ၎င်းတို့ဟာ ယူကရိန်းထံတင့်ကားများ ပေးပို့နိုင်ရေးနဲ့ပတ်သက်ပြီး အထူးအစည်းအဝေး တစ်ရပ်ကို ကျင်းပခဲ့ကြောင်း ဆိုပါတယ်။ ယူကရိန်းက ၎င်းတို့ဟာ လက်ရှိအချိန်မှာ ရုရှားတပ်ဖွဲ့များသိမ်းပိုက်ထားတဲ့ပိုက်နက်များကို ပြန်လည်သိမ်းပိုက်ဖို့ လိုလားနေကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

အမေရိကန်အစိုးရတာဝန်ရှိသူ နောက်ထပ်တစ်ဦးကလည်း M1 Abrams အမျိုးအစားတင့်ကားတွေဟာ ယူကရိန်းရဲ့စွမ်းရည်တွေကို ပိုမိုကောင်းမွန်အောင် ကူညီပေးနိုင်မှာဖြစ် ကြောင်း၊ ယူကရိန်းဟာ လက်ရှိအချိန်မှာ ၎င်းတို့ပိုက်နက်များကို ပြန်လည်သိမ်းပိုက်ဖို့ နဲ့ ကာကွယ်ဖို့ လုပ်ဆောင် နေဆဲဖြစ်တဲ့အတွက် တင့်ကားတွေက ယူကရိန်းတပ်ဖွဲ့တွေကို အထောက်အကူဖြစ်လာစေမှာဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းကို M1 Abrams တင့်ကားများ ထပ်မံပေးပို့ဖို့ ဆုံးဖြတ်ခြင်းဟာ ရုရှား တပ်ဖွဲ့များအပေါ် ထိုးစစ်ဆင်ဖို့ ခြိမ်းခြောက်မှုတွေ လုပ်ဆောင်တာမျိုးမဟုတ်ကြောင်း ဆိုပါတယ်။

အမေရိကန်နိုင်ငံအနေနဲ့ အဆိုပါတင့်ကားများကို ယူကရိန်းလုံခြုံရေးကူညီထောက်ပံ့ပေးမှုအဖွဲ့ကတဆင့် (USAI) လာမယ့်သီတင်းပတ်များအတွင်း ပေးပို့ကူညီသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။ အမေရိကန်အစိုးရတာဝန်ရှိသူ တစ်ဦးက အမေရိကန်နိုင်ငံအနေနဲ့ လာမယ့်သီတင်းပတ်များ၊ လများအတွင်း စစ်မြေပြင်မှာ ယူကရိန်း တပ်ဖွဲ့များရဲ့ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်စေဖို့အတွက် နောက်ထပ်သံချပ်ကာ၊ တင့်ကားများ ကူညီပေးမယ်လို့ မျှော်လင့်တယ် လို့ ဆိုပါတယ်။


Zawgyi Version;







Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ တစ်ရက် ၇ သန်းကျော်ရှိပြီး၊ တစ်ရက်ကို အနည်းဆုံး လူ ၄ဝဝဝ သေဆုံးနေ

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved