သာယာဝတီမြို့နယ်တွင် ရထားလမ်းပေါ်တက်အိပ်နေသည့် အမျိုးသားတစ်ဦး ရထားကြိတ်ခံရ၍သေဆုံး
သန့်ဇင် (NSS) - ဩဂုတ် ၂၁
ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်တွင် အရက်မူးနေသည့် အမျိုးသားတစ်ဦး ရထားလမ်းပေါ်တက်အိပ်နေစဉ် ရထားကြိတ်ခံရ၍ သေဆုံးသွားခဲ့ကြောင်း နစက၏ထုတ်ပြန်ချက်များမှ သိရသည်။
ရထားကြိတ်မှုသည် ဩဂုတ်လ ၁၉ ရက်၊ နံနက်ပိုင်းတွင် သာယာဝတီမြို့နယ်၊ ပြည်တော်သာအုပ်စု၊ အထက်သစ်ချကျေးရွာအနီး၊ ရထားလမ်းမိုင်တိုင်အမှတ်(၆၈/၂၂/၂၃) ကြားတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရန်ကုန်ဘက်မှ ပြည်သို့ ခုတ်မောင်းလာသည့် အမှတ်(၆၃)အဆန် စာပို့ရထားသည် အထက်ပါနေရာ အရောက်တွင် ရထားလမ်းပေါ်၌ အိပ်နေသည့် အမျိုးသားတစ်ဦးအား တက်ကြိတ်မိခဲ့ခြင်းဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ထိုသို့ ရထားကြိတ်ခံရမှုကြောင့် သာယာဝတီမြို့၊ ဂုန်လျော်ကွင်းရပ်ကွက်တွင်နေထိုင်သည့် အသက်(၂၀) အရွယ်ရှိ ကိုမျိုးထက်ကိုသည့် ရထားကြိတ်ခံရသည့် ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါ ရထားကြိတ်ခံရမှုနှင့် ပတ်သက်၍ သာယာဝတီမြို့ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် (၁၁/၂၀၂၃) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း နစက၏ ထုတ်ပြန်ချက်များမှ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အသေးသုံးနိုင်ငံခြားငွေများကို ရန်ကုန်လေဆိပ်ရှိ ဘဏ်ကောင်တာ(၃)ခု၌ AD လိုင်စင်ရဘဏ်များက နေ့စဥ်အလှည့်ကျ ရောင်းချပေးမည်
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း