ညောင်တုန်းမြို့၌ Nissan အမျိုးအစားကားတစ်စီး အရှိန်လွန်တိမ်းမှောက်မှုကြောင့် အမျိုးသား(၃)ဦး ပွဲချင်းပြီး သေဆုံး
သန့်ဇင် (NSS) - ဩဂုတ် ၂၁
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်တွင် Nissan အမျိုးအစားကားတစ်စီး အရှိန်လွန်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသား(၃)ဦး သေဆုံးသွားခဲ့ကြောင်း ပီတိလူငယ်ပရဟိတလူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိမ်းမှောက်မှုသည် ယမန်နေ့ (ဩဂုတ်လ ၂ဝ ရက်)၊ မွန်းလွဲ ၂နာရီ ၁၅မိနစ်အချိန်တွင် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ လေးလွန်းပင်ကျေးရွာ၊ လေးလွန်းပင်ကွ့၊ ပုသိမ်-ရန်ကုန်ကားလမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၈/၂)နှင့် (၃၈/၃)ကြားတွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"မှောက်တာတော့ သူတစ်စီးတည်းမှောက်တာဗျ။ အရှိန်လွန်မှောက်တယ်လို့တော့ထင်တယ်" ဟု ပီတိလူငယ်ပရဟိတလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် အသက်(၃၀)နှစ် အရွယ်ခန့်ရှိ အမျိုးသား(၃)ဦးသည် အခင်းဖြစ်ပွားရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါ ယာဉ်တိမ်းမှောက်မှုတွင် သေဆုံးသူ အမျိုးသား(၃)ဦးအား ပီတိလူငယ်ပရဟိတ လူမှုကူညီရေး အသင်းမှ ကားဖြင့် ချောင်းကြီးတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပေါင်စတာလင်ကို ဝုန်းကနဲ့ ပြိုကျအောင် ဖြိုလှဲပြီး အမြတ်ထုတ်ခဲ့သူ (ဘာသာပြန်ဆောင်းပါး)
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း